မကြာခင်မှာ Comeback နဲ့အတူ ပရိတ်သတ်တွေဆီ ပြန်လာတော့မယ့် Red Velvet

SM Entertainment ဟာ မကြာသေးခင်ကပဲ သတင်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်ခဲ့ပါတယ်။ သတင်းစာရှင်းလင်းပွဲမှာတော့ အနုပညာရှင်တွေရဲ့ နောက်လာမယ့် အနုပညာလှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး ‌ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

America, Europe, Africa အထိ NCT အဖွဲ့ ရဲ့ ခြေလှမ်းတွေဆက်လက်ချဲ့ထွင်မယ့်အကြောင်းနဲ့ Red Velvet ရဲ့ နောက်လာမယ့် Comeback အကြောင်းတို့ပါပါဝင်ခဲ့ပါတယ်။ SM Entertainment ရဲ့ CEO Lee Sung Soo ဟာ Red Velvet အနေနဲ့ မကြာခင်မှာ Comeback ပြုလုပ်သွားဖို့ရှိတယ်လို့ပြောပါတယ်။

“Red Velvet လား ဟုတ်ကဲ့။ မကြာခင်က အငြင်းပွားဖွယ်ကိစ္စလေးတစ်ရပ်ဖြစ်ပွားခဲ့ပေမယ့် ကာယကံရှင်ကို အနူးအညွတ်တောင်းပန်ခဲ့ပြီးဖြစ်ပါတယ်။  ပြီးတော့ သူတို့ဟာလည်း ပိုမိုပြီး ရင့်ကျက်တဲ့ ပုံစံတွေနဲ့ ပရိတ်သတ်ဆီကို ပြန်လာဖို့ ပြင်ဆင်နေကြပါတယ်။

အားလုံးလည်း သူတို့ကို ဆက်လက်ပြီးချစ်ခင်အားပေးပြီး စောင့်ကြည့်ပေးသွားကြမယ်လို့မျှော်လင့်ပါတယ်” ဆိုပြီး ဖော်ပြခဲ့ပါတယ်။ Irene ဟာ သူမရဲ့ မှားယွင်းမိတဲ့ အပြုအမူအတွက် အပြစ်တင်ခံခဲ့ရပြီး သက်ဆိုင်သူကို တောင်းပန်ခဲ့ပြီးပြီဖြစ်ပါတယ်။ ဒီကာလ အတွင်းမှာပဲ သူတို့အဖွဲ့ဟာ Comeback အတွက် တိတ်တဆိတ် ပြင်ဆင်နေခဲ့ကြတာပါ။

Reveluvs တွေကတော့ Red Velvet ကို အဖွဲ့ဝင် ပြည့်ပြည့်စုံစုံမမြင်ရတာကြာပြီဖြစ်တဲ့အတွက် Comeback သတင်းအပေါ်အရမ်းကို ဝမ်းသာပျော်ရွှင်နေကြပါတယ်။ Red Velvet ဟာ 2019 တုန်းက “Psycho” ကိုထွက်ရှိထားခဲ့ပြီး အခု Comeback ကတော့ Wendy ရဲ့ မတော်တဆမှုဖြစ်ပြီး ပထမဆုံးပြန်လည်ပြုလုပ်မယ့် Comeback လေးပဲဖြစ်ပါတယ်။

Source: Koreaboo
Written: Gyi Gyi

Share