J-Hope ရဲ့ စကားကြောင့် မျက်ရည်ကျခဲ့ရတဲ့ V ပုံပြင်လေးတစ်ပုဒ်

ဒီအဖြစ်အပျက်လေးကတော့ မကြာသေးမီကပဲ ဖြစ်ပွါးခဲ့တာပါ။ BTS ဟာ ” Dynamite” သီချင်းနဲ့ Billboard ရဲ့ Hot 100 မှာ ပထမဆုံး နံပါတ် ၁ နေရာကို ယူနိုင်ခဲ့တဲ့ ကိုရီးယား အနုပညာအဖွဲ့ဖြစ်လာခဲ့တဲ့ အထိမ်းအမှတ်အနေနဲ့ Online press conference ကို တက်ရောက်ခဲ့ပါတယ်။

ဒီ Press Conference မှာတော့ J-Hope ဟာ ” ကျွန်တော့ ကျွန်တော့ရဲ့အဖွဲ့ဝင်တွေကို တကယ့်ကို ကျေးဇူးတင်ပါတယ်။ သူတို့ကို အကြိမ် တစ်ထောင်လောက် ကျေးဇူးတင်စကားပြောရင်တောင် လုံလောက်မယ်လို့ မထင်ပါဘူး။

ကျွန်တော် အသက်ရှင်နေရတဲ့ အကြောင်းရင်းတွေထဲက တစ်ခုက ကျွန်တော့ရဲ့ အဖွဲ့ဝင်တွေကြောင့်ပါ။ ကျွန်တော့်အတွက် တကယ့်ကို အဖိုးတန်တဲ့ သူတွေပါ။ အတူတူရှိခဲ့တဲ့ ၇ နှစ်အတွက်လည်း ကျေးဇူးတင်ပါတယ်။ ဘဝတစ်လျှောက်လုံးလည်း တူတူပျော်ပျော်ရွှင်ရွှင်နဲ့ ဆက်လျှောက်သွားကြရအောင်။” လို့ ပြောခဲ့ပါတယ်။

ဒီစကားကို V ကြားရတဲ့အခါမှာတော့ V ဟာ ဝမ်းနည်းတဲ့ပုံ ဖြစ်သွားခဲ့ပြီးတော့ ဖုံးကွယ်ဖို့အတွပ် ခေါင်းကို ငုံ့ထားခဲ့ပါတော့တယ်။ Host နဲ့အတူ အဖွဲ့ဝင်တွေဟာ အခြားအကြောင်းအရာတွေ ဆက်လက် ပြောနေခဲ့တာတောင် V ရဲ့ ဝမ်းနည်းမှုဟာပျောက်မသွားခဲ့ပါဘူး။

V ရဲ့ ကျေးဇူးတင်စကားပြောရမယ့် အလှည့်ရောက်လာတဲ့အခါမှာတော့ V ဟာ J-Hope စကားကြောင့် ငိုခဲ့ရတယ်လို့ ပြောသွားခဲ့ပါတယ်။ V ပြောခဲ့တာကတော့ ” ကျွန်တော် တကယ့်ကို အံ့ဩသွားခဲ့ရပါတယ်။

ဒီနေ့ ကျွန်တော် တစ်ရက်လုံး ပျော်နေသင့်တဲ့ နေ့လေ ဟုတ်တယ်မလား။ ကျွန်တော် ဘာလို့ ငိုမိတာပါလိမ့်။” လို့ ရှက်ပြုံးလေးနဲ့ ချစ်စဖွယ်ပြောသွားခဲ့ပါတယ်။ တကယ့်ကို ချစ်စရာကောင်းပြီး သံယောဇဉ်ကြီးကြတဲ့ ညီအစ်ကိုတွေပါပဲနော်။

Source: SBS Star
Written: Gyi Gyi

Share