ချစ်ရသူ Yaya နဲ့ ပတ်သက်ပြီး Nadech မကြာခဏတွေးနေတဲ့ အနာဂတ်အစီအစဥ်လေးကတော့…

Nadech နဲ့ Yaya လေးတို့ တွဲလာတာ အချိန်အတော်ကြာပြီဖြစ်ပြီး ပရိသတ်ကြီးတို့ကလည်း ဒီအတွဲလေးကို မြန်မြန်လက်ထပ်စေချင်နေကြပါတယ်။ နှစ်​ယောက်သားအတူရှိနေရင် ကြည်နူးစရာကောင်းပြီး Nadech က စိတ်ချမ်းသာအောင်ထားတော့ Yaya လေးရဲ့ မျက်နှာမှာ အမြဲတမ်း အပြုံးပန်းတွေ ဝေနေခဲ့ရပါတော့တယ်။

ဒီလိုမျိုး နတ်ဖက်သလို လိုက်ဖက်တာမို့လို့ Nadech ကလည်း Yaya လေးနဲ့ ပတ်သက်ပြီး သူ့ရဲ့အနာဂတ်အစီအစဥ်တွေကို ဖွင့်ပြောခဲ့ပါတယ်။ Nadech ရဲ့ ဇာတ်ကားအသစ် “The Con-Heartist” အတွက် ပြုလုပ်ခဲ့တဲ့ Interview မှာ Nadech က Yaya လေးနဲ့ လက်ထပ်ဖို့အကြောင်း ဖွင့်ပြောပြခဲ့ပါတယ်။

“ကျွန်တော် မင်္ဂလာဆောင်ဖို့ မကြာခဏဆိုသလို တွေးမိနေပါတယ်။ ချစ်ရတဲ့သူနဲ့ တစ်သက်မှာတစ်ခါပဲ ပြုလုပ်ရမဲ့အခမ်းအနားဆိုတော့ Yaya အတွက် ခမ်းခမ်းနားနားနဲ့ တန်ဖိုးရှိရှိဖြစ်စေချင်တာပါ။ သူပျော်ရင် ကျွန်တော်ကျေနပ်ပါတယ်။ ဖြစ်သင့်တဲ့အချိန်ရောက်လာရင်တော့ ကျွန်တော်တို့ရဲ့ အချစ်ကြိုးလေးတွေကို သေချာချည်နှောင်တော့မှာပါ။

ဒါပေမဲ့ လောလောမှာတော့ Yaya ကော ကျွန်တော်ကော အလုပ်တွေပိနေပြီး အချိန်စာရင်းအပြည့်နဲ့ ရှုပ်ယှက်ခတ်နေပါတယ်။ ဒါကြောင့်မို့လို့ သူနဲ့တော့ သေချာမဆွေးနွေးဖြစ်သေးပါဘူး။ ကျွန်တော်ကတော့ လက်ထပ်ပြီး ကလေးတွေမွေးဖို့အထိပါ တွေးမိနေပါတော့တယ်။

သားလေးဖြစ်ဖြစ် သမီးလေးဖြစ်ဖြစ် OK ပါတယ်။ ကျွန်တော်ထိန်းမှာပေါ့။ အမှန်တိုင်းပြောရရင်တော့ ကျွန်တော်က သမီးလေး လိုချင်တာပါ” ဆိုပြီး Nadech ကတော့ Yaya နဲ့ တည်ဆောက်ချင်တဲ့ မိသားစုဘဝကို ပွင့်ပွင့်လင်းလင်းပဲ ထုတ်ပြောပြခဲ့ပါတယ်။

Nadech ရဲ့ အတွေးတွေကိုတော့ Yaya လေးက အချိန်ပြည့် ပိုင်စိုးထားနိုင်တာကို ဒီအကြောင်းလေးက သက်သေခံနေပါတယ်။ တကယ်ကို အချစ်ခံရတဲ့ Yaya လေးပါပဲ။ Nadech နဲ့ Yaya ကို မင်္ဂလာခန်းမကြီးထဲမှာ မြန်မြန်မြင်ချင်နေပါပြီ။

Source: ThaiUpdate
Written: Nay Chi

Share