Kris Wu, William Chan အပါအဝင် နာမည်ကြီးအနုပညာရှင်တွေ ပါဝင်တဲ့ L.O.R.D 2 ဇာတ်ကား ထွက်လာတော့မယ်

စိတ်ကူးယဥ်ဇာတ်လမ်းတွဲကို ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးတို့ကတော့ ၂၀၁၆ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ နာမည်ကြီးစိတ်ကူးယဥ်တရုတ်ဇာတ်ကား L.O.R.D: Legend of Ravaging Dynasties ကို ကြည့်ဖူးကြလိမ့်မယ်လို့ ထင်ပါတယ်။

အားပေးကြည့်ရှုသူတွေများခဲ့တဲ့ ဇာတ်ကားဖြစ်တာကြောင့်မို့လို့ Part 2 အဖြစ် ဆက်လက်ရိုက်ကူးခဲ့ပြီး ၂၀၁၈မှာ ထုတ်လွှင့်ပြသဖို့ ရည်ရွယ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း အကြောင်းကြောင်းကြောင့် ရက်ရွှေ့ခဲ့ရပြီး စောင့်မျှော်နေခဲ့ရတဲ့ ဇာတ်ကားအဖြစ်သာ မေ့မေ့ပျောက်ပျောက်ဖြစ်ခဲ့ရပါတယ်။ ဒါပေမဲ့လည်း ဒီကာလတွေက ကုန်ဆုံးခဲ့ရပါပြီ။

အခုဆိုရင် L.O.R.D: Legend of Ravaging Dynasties 2 ကတော့ လာမဲ့ December လမှာ ထွက်လာပါတော့မယ်။ December 4 ရက်နေ့မှာ Tencent ကနေတစ်ဆင့် ထုတ်လွှင့်ပြသတော့မှာဖြစ်လို့ Part 1 မှာ ကြည့်ရင်း တိုးလို့တန်းလန်းဖြစ်ခဲ့ရသမျှကို Part 2 ကိုစောင့်ကြည့်ရင်း အဖြေရှာနိုင်ပါတော့မယ်။

ဒီဇာတ်ကားကိုရိုက်ကူးခဲ့တဲ့ ဇာတ်ညွှန်းနဲ့ဒါရိုက်တာဖြစ်သူ Guo Jingming ကတော့ ဒီလိုထွက်လာဖို့အရေး အချိန်အကြာကြီးစောင့်ခဲ့ရတဲ့အပေါ် “December 4 ရက်နေ့မှာတော့ ဒုတိယပိုင်းထွက်လာတော့မယ်။ ကြာနေပြီဆိုတော့ ပြသခွင်တောင်မရတော့ဘူးလို့ ထင်နေတာပါ။

အခုထွက်လာပြီဆိုတော့ ကြည့်မဲ့သူတွေရှိဖို့အတွက်ပဲ မျှော်လင့်ရပါတယ်” ဆိုပြီး စိတ်ရှုပ်စွာနဲ့ရေးတင်ခဲ့ပါတယ်။ ပြောရရင် ပရိသတ်တွေတော်တော်များများမျှော်နေသမျှဇာတ်ကားတွေ ဇာတ်လမ်းတွေဟာ ဟိုရက်ရွှေ့ဒီရက်ရွှေ့နဲ့ ကြည့်ဖို့အရေး အကြာကြီးစောင့်ရတာ တော်တော်ဆိုးလှပါတယ်။

L.O.R.D 2 ကတော့ ပထမဇာတ်ကားရဲ့အဆက်ဖြစ်ဖို့​များပြီး အဓိကဇာတ်ကောင်တွေက Gilgamesh ကို ရှာဖို့ အခက်အခဲအမျိုးမျိုးကို ရင်ဆိုင်ရဦးမှာဖြစ်ပြီး အဆုံးသတ်က ဘယ်လိုဖြစ်လာဦးမလဲဆိုတာတော့ ကြည့်ကြည့်ရတော့မှာပါပဲ။

Fantasy ဇာတ်လမ်းဖြစ်တဲ့အပြင် အဓိကသရုပ်ဆောင်တွေကတော့ နာမည်ကြီးတွေဖြစ်တဲ့ Kris Wu, Cheney Chen, William Chan, Amber Kuo, Jelly Lin Yun, Roy Wang Yuan နဲ့ Wang Duo တို့ပဲ ပြန်လည်ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဒါ့အပြင် TFBoys က Karry Wang, Roy Wang နဲ့ Jackson Yee တို့ကလည်း “Silver Priests” တွေအဖြစ် ပါဝင်လာဦးမှာပါ။ အခြေအနေတစ်ခုကတော့ Part 1 မှာ အဓိကဇာတ်ကောင်နေရာကနေ ပါဝင်ခဲ့တဲ့ Fan BingBing ရဲ့ ပုံရိပ်တွေဟာ အခု Part 2 ရဲ့ Trailer တွေနဲ့ Poster တွေထဲမှာ ပါဝင်လာခြင်းမရှိတာကြောင့် သူမရဲ့အပိုင်းတွေကို ဖြတ်ထုတ်ထားသလားဆိုတာကတော့ သေချာမသိရသေးပါဘူး။

Kris Wu အပါအဝင် အဓိကသရုပ်ဆောင်တွေကလည်း အမိုက်စားဖြစ်ပြီး စိတ်လှုပ်ရှားစရာကောင်းမဲ့ ဇာတ်ကားဖြစ်တာကြောင့် Part 2 ထွက်မလာသေးခင် Part 1 ကို ပြန်ကြည့်ပြီး ဇာတ်ကားအကြောင်းကို ပြန်နွှေးကြည့်ကြဖို့ တိုက်တွန်းပါရစေ။

Source: dramapanda
Written: Nay Chi

Share