အောင်မြင်မှုလမ်းကြောင်းပေါ်ကိုရောက်ရှိလာတဲ့ Twice အဖွဲ့ဝင်တို့၏ အတိတ်က အထင်လွဲခံခဲ့ရသော ဖြစ်ရပ်များ

K-Pop idols တွေဟာ ထူးဆန်းတဲ့အပြစ်တင်မှုတွေပြုလုပ်တဲ့ ပရိတ်သတ်တွေနဲ့ အတော်များများကြုံတွေ့ရလေ့ရှိပါတယ်။ TWICE ကတော့ဒီလိုကိစ္စတွေနဲ့ မကြာခဏကြုံတွေ့ရတဲ့အဖွဲ့တစ်ခုပါပဲ။ ဒါပေမယ့် အထင်မှားအမြင်မှားပြီး ဝေဖန်ခံရမှုတွေဖြစ်တာကြောင့် သိပ်မကြာခင်မှာပဲ Fan တွေရဲ့ ဖြေရှင်းမှုတွေနဲ့ ပြန်လည် ရှင်းလင်းသွားကြတာချည်းပါပဲ။

1. Nayeon being “rude” to Dahyun

တချို့သောအင်တာနက်အသုံးပြုသူတွေက Nayeon ဟာ အဖွဲ့ဝင်တွေအပေါ်မှာ (အထူးသဖြင့်) Dahyun အပေါ်မှာ ရိုင်းပြစွာဆက်ဆံတယ်လို့စွပ်စွဲကြပါတယ်။ ဒီလိုပြောရတဲ့အကြောင်းကတော့ Nayeon ဟာ Dahyun ရဲ့လက်ကို မကိုင်ချင်တဲ့ပုံစံနဲ့ လွှတ်လိုက်တဲ့အတွက်ပါတဲ့။

ဒါပေမယ့် TWICE ရဲ့ အမာခံပရိတ်သတ်တွေက Nayeon ရဲ့ အကျင့်စရိုက်နဲ့ ပတ်သတ်ပြီးလအပြစ်ရှာလာသူတွေကို နောက်ထပ်မပြောနိုင်အောင် သက်သေvideo အတိအကျနဲ့တုန့်ပြန်ပေးခဲ့ကြပါတယ်။ Video clip ထဲမှာတော့ Dahyun အနေနဲ့ Mission တစ်ခုလုပ်ရမှာဖြစ်လို့ လက်ကို လွှတ်ပေးလိုက်တာဖြစ်ပြီး အရင်လက်ကိုစကိုင်သူကလည်း Nayeon ကိုယ်တိုင်ပါပဲ။

2. Tzuyu being “inconsiderate”

ယခုနှစ်အစောပိုင်းမှာ Tzuyu ဟာ coronavirus (COVID-19) ရောဂါတိုက်ဖျက်ရေးအတွက် ကိုရီးယားနိုင်ငံကို 50 million KRW (~42,000 USD) လှူဒါန်းခဲ့တာပါ။ Tzuyu ဟာ ကိုးရီးယားလူမျိုးတွေထံမှ ချီးကျူးဂုဏ်ယူမှုတွေ အများအပြားရှိခဲ့သလို တရုတ်လူမျိုးတွေထံမှလည်း နိုင်ငံရေးအရဝေဖန်မှုအများအပြားခံခဲ့ရပါတယ်။

သူမဟာ ထိုင်ဝမ်လူမျိုးဖြစ်တဲ့အတွက် တရုတ်ကိုမလှူဒါန်းဘူး၊ တရုတ်ကိုချစ်တဲ့စိတ်မရှိဘူးဆိုပြီး အပြစ်တင်ဝေဖန်ခဲ့ကြတာပါ။ အမှန်တကယ်ကတော့ Tzuyu ဟာ တရုတ်နိုင်ငံအတွက်ပါ ပမာဏအတူတူလှူဒါန်းခဲ့ပေမယ့် ငွေလွှဲတဲ့နေရာမှာ ကြန့်ကြာမှုတွေရှိသွားခဲ့တာပါတဲ့။

3. Nayeon being “rude” to Jeongyeon

ဖျော်ဖြေပွဲတစ်ခုမှာ Nayeon ဟာ မိမိကိုယ်ကို နံပါတ် 1 အနေနဲ့သတ်မှတ်ပြီး Jeongyeon ကိုနောက်ဆုံးအနေနဲ့ သတ်မှတ်ခဲ့တာနဲ့ ပတ်သတ်ပြီး မှားယွင်းစွာ ပြစ်တင်ဝေဖန်ခံရတာပါ။ ဝေဖန်သူတွေကတော့ Nayeon ဟာ အဖွဲ့ဝင်တွေ ကိုယ်တိုင် ဒီဇိုင်းပြုလုပ်ထားတဲ့ ခြုံစောင်တွေရောင်းရမှုပေါ်မူတည်ပြီး အဆင့်သတ်မှတ်ခဲ့ကြတာလို့ တွေးခဲ့ကြတာပါ။

ဒါပေမယ့် Nayeon အဆင့်သတ်မှတ်ပေးခဲ့ချိန်တုန်းက စတင်ရောင်းချခြင်းမပြုရသေးတဲ့အတွက် ရောင်းအားအရ သတ်မှတ်တယ်ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ သူမဟာ ကိုယ့်ရဲ့ အကြိုက်အရ စနောက်တဲ့သဘောအရ အဆင့်သတ်မှတ်ခဲ့ခြင်းသာဖြစ်ပါတယ်။

4. Dahyun being “rude” to an airport worker

Dahyun လေဆိပ်မှာ ဝန်ထမ်းကို passport ပြတဲ့ နေရာမှာဝန်ထမ်းထံမှ passport ကို ဆတ်ခနဲပြန်ဆွဲယူသွားတာကိုတွေ့ရလို့ ရိုင်းပြတယ်လို့ဝေဖန်ကြပါတယ်။ Once တွေကတော့ ချက်ချင်းဆိုသလိုပဲ ဒီကိစ္စဟာ GIF အနေနဲ့ တည်းဖြတ်ထားတဲ့အတွက်ကြောင့် အခုလို အထင်မြင်လွဲခံရတာဖြစ်ကြောင်းနဲ့ ပုံမှန် Video မှာတော့ သာမန်ခရီးသွားနဲ့ လေဆိပ်ဝန်ထမ်းပုံစံသာဖြစ်တယ်ဆိုပြီး ပြန်လည်ဖြေရှင်းပေးခဲ့ကြပါတယ်။

Source: Koreaboo
Written: Gyi Gyi

Share