K netizen တွေက Jennie နဲ့ Aespa member ဝင် တစ်ယောက်က တူတယ်လို့ ထင်ကြ

Aespa အဖွဲ့ဟာ မကြာသေးမှီကဘဲ SM entertainment ကနေ debut ခဲ့တဲ့ rookie group ဆိုပေမဲ့ နေရာတိုင်းမှာ record တွေကို ချိုးလျက်ရှိပါတယ်။ Aespa အဖွဲ့က မ debut ခင်တည်းက အမျိုးမျိုးသော ခေါင်းစဉ်တွေနဲ့ လူပြောသူပြောများပြီး လူစိတ်ဝင်စားခံခဲ့ရတာပါ။

ယခု သူတို့ရဲ့ ပွဲဦးထွက်သီချင်း “Black Mamba” ထွက်ရှိလာပြီးတဲ့နောက်မှာတော့ ပိုအပြောများလာကြတာကတော့ အဖွဲ့ဝင် တရုတ်မလေး Ning Ning က BLACKPINK အဖွဲ့ဝင် Jennie နဲ့ တူတယ် ဆိုပြီး ဖြစ်ပါတယ်။ KBS live stage မှာ Aespa အဖွဲ့ ဖျော်ဖြေမှုပြီးတဲ့နောက် update ပေးခဲ့တဲ့ပုံထဲမှာဆိုရင် Ning Ning က Jennie နဲ့ အရမ်းတူတယ်ဆိုပြီး online မှာ ပွထသွားတာပါ။

K netizen တွေကလည်း သူတို့နှစ်ယောက်ဆင်တူတာကို သဘောတူခဲ့ကြပါတယ်။ သူတို့ဘယ်လိုထင်မြင်ချက်တွေ ပေးခဲ့သလည်း ဆိုတာ Asia Cele bar ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်နော်။ “အစတုန်းကတော့ သူတို့နှစ်ယောက် ဆင်တူတယ်ဆိုတာကို ငါသဘောမတူခဲ့ဖူး။ ဒါပေမဲ့ Ning Ning က တကယ့်ကို Jennie Vibe အပြည့်ရှိနေတာဘဲ”

“သူမပါးလေးတွေက Jennie ရဲ့ ပါးဖောင်းဖောင်းလေးတွေနဲ့တူတယ် ha ha ““သူမ stage ပေါ်မှာ ဖျော်ဖြေနေတဲ့ပုံက ငါ Jennie ကို တွေ့နေရတဲ့ အတိုင်းဘဲ” “ငါ သူတို့ music video ကို ဘယ်ချိန်ချိန်ကြည့်ကြည့် Jennie ပုံစံမျိုးဘဲ မြင်နေရတယ်”

Jennie နဲ့ Ning Ning တူညီတဲ့ ပုံစံလေးတွေရှိတယ်ဆိုတာ မသိချင်ယောင်ဆောင်ဖို့တော့ခက်ပါတယ်။ နှိုင်းယှဉ်ကြည့်ရမယ်ဆိုရင် ဒါကတော့ Aespa အဖွဲ့ရဲ့ Main Vocal ၊ အငယ်ဆုံးလေး Ning Ning ပါ။ ဒါကတော့ BLACKPINK အဖွဲ့ရဲ့ Lead Vocal, Main Rapper Jennie ဖြစ်ပါတယ်။

သေချာကြည့်မယ်ဆိုရင် နှစ်ယောက်က မတူညီဘဲ သူ့အလှနဲ့သူ လှနေတဲ့ အလှလေးနှစ်ယောက်ပါ။ ဒါပေမဲ့ ခပ်ဆင်ဆင်လေးရှိနေတာကိုလည်း တွေ့ရမှာပါ။ ပရိသတ်ကြီးရော သူတို့နှစ်ယောက်ကြား ဆင်တူတာလေးတွေ တွေ့မိကြသလား။ ပြောခဲ့ကြပါအုံးနော်။ ဒါနဲ့ Ning Ning ရဲ့ bias က Jennie ပါတဲ့။

Source: Koreaboo
Written: Violet

Share