Tao လက်ထပ်ချင်ပါတယ်လို့ ပြောထားတဲ့ အမျိုးသမီးဟာ ဘယ်သူလဲဆိုတာကို ပရိတ်သတ်တွေအဖြေရှာ

မကြာသေးမီက Live Stream တစ်ခုပြုလုပ်ခဲ့တဲ့ Tao ဟာ ဆယ်လီအမျိုးသမီးတစ်ယောက်ကို ချစ်နေမိပြီဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။ Tao ဟာဘယ်သူဘယ်ဝါရယ်ဆိုပြီး နာမည်တပ်ပြီး အသိမပေးခဲ့ပါဘူး။ သို့ပင်မဲ့ ပရိတ်သတ်အများစုကတော့ Tao ချစ်နေတဲ့ အမျိုးသမီး အနုပညာရှင်ဟာ IU ဖြစ်နိုင်တယ်ဆိုပြီး ထင်ကြေးပေးနေကြပါတယ်။

Tao ဟာ Live မှာ ” ကျွန်တော်ချစ်နေတဲ့ မိန်းကလေးတစ်ယောက် ရှိတယ်သိလား။ တကယ်ကိုချစ်တာသူမကို။ သူမဘက်ကသာ မီးစိမ်းပြမယ်ဆိုတာနဲ့ ကျွန်တော်ဘက်က အားလုံးကို အသိပေးဖို့ ပြင်ဆင်ထားပြီးသားပါ။ မနက်ဖြန်လိုမျိုး ချက်ချင်းလက်ထပ်လို့ရမယ်ဆိုရင်တောင် လက်ထပ်ချင်တာပါ။

ကျွန်တော်သူမကို တကယ်ချစ်မိသွားတာ။ သူမရဲ့ Video တွေဆို တနေ့လုံးထိုင်ကြည့်ရကြည့်ရ ကြည့်နေနိုင်တယ်။ ဒါပေမဲ့ သူမကိုပရိတ်သတ် တစ်ယောက်အနေနဲ့ ကြိုက်တာမဟုတ်ဘူးနော်။ ချစ်သူတစ်ယောက်အနေနဲ့ ချစ်ချင်တာ။ ဒါပေမဲ့ အခုတော့ ကျွန်တော်သူမကို တွေ့လို့မရသေးဘူး။

သူကတခြားနိုင်ငံကလေ။ ကျွန်တော့သူ့ကို message ပို့ထားသေးတယ်။ဒါပေမဲ့ သူဘက်က ဘာ reply မှမပြန်ဘူးရယ်။ ရှက်စရာကြီးနော်။ ကျွန်တော်လည်း အဲ့လို message တွေဆိုဖတ်တတ်တဲ့ သူတော့မဟုတ်ဘူး။ ထားလိုက်ပါတော့။ ကျွန်တော်လည်းအများကြီး မပြောချင်ပါဘူး။

မဟုတ်ရင် ပရိတ်သတ်တွေက စုံစမ်းရေးလုပ်ကြတော့မယ်။ သူကတော့ ဒီနိုင်ငံကမဟုတ်ဘူး တခြားနိုင်ငံသူဆိုတာတော့ ကျွန်တော်ကြိမ်းသေ ပြောလို့ရတယ်” ဆိုပြီး Tao ကသူချစ်နေတဲ့ မိန်းကလေးအကြောင်းကို အရိပ်အမြွတ်သာပြောခဲ့ပါတယ်။ သို့ပင်မဲ့ ပရိတ်သတ်တွေက ထောက်လှမ်းရေး လုပ်ငန်းကို စတင်ကြပါတော့တယ်။ Tao ဟာ သူ့ရဲ့ Instagram မှာ လူသုံးဦးကိုသာ Follow လုပ်ထားတာပါ။

နှစ်ဦးကတော့ သူ့agency နဲ့ပက်သက်တဲ့သူတွေဖြစ်ပြီး ကျန်တစ်ဦးကတော့ IU ပါပဲ။ Weibo မှာလည်း Tao ဟာ လွန်ခဲ့တဲ့ ရက်တုန်းက IU ပုံကိုတင်ခဲ့ပြီး ချက်ချင်းဖျက်လိုက်တယ်လို့လည်း သိရပါတယ်။ ဒါတွေကိုကြည့်ပြီး ပရိတ်သတ်တွေကတော့ Tao ရည်ညွှန်းတဲ့ မိန်းကလေးဟာ IU ဖြစ်နိုင်တယ်ဆိုပြီး ထင်ကြေးပေးနေကြပါတယ်။ ပရိတ်သတ်ကြီးရော ဘယ်လိုထင်လဲ ။ မိမိရဲ့အမြင်လေးကို ဝေငှပေးခဲ့ပါဦး။

Source: Koreaboo
Written: Phoo Phoo

Share