စံချိန်သစ်တင်နိုင်ခဲ့ပြန်တဲ့ GOT7 ရဲ့ “You Calling My Name”

GOT7 ရဲ့ “You Calling My Name” ဟာဆိုရင် သူတို့ ထွက်ရှိထားတဲ့ music video ​တွေထဲမှာမှ YouTube မှာ ကြည့်ရှုမှုပေါင်း သန်း ၁၀၀ အမြန်ဆုံး ရရှိခဲ့တဲ့ music video တစ်ပုဒ်ဖြစ်လာခဲ့ပါပြီ။ ဒါ့အပြင် YouTube မှာ like ​ပေါင်း ၂သန်း​ကျော်လည်း ရရှိထားပါတယ်။

နိုဝင်ဘာ ၂၂ ရက်​နေ့ ကိုရီးယားစံ​တော်ချိန် မနက် ၅ နာရီခွဲ မတိုင်ခင်မှာပဲ “You Calling My Name” music video ဟာ YouTube မှာ ကြည့်ရှုမှုပေါင်း သန်း ၁၀၀ ​ကျော်သွားခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ သူတို့ အဖွဲ့ရဲ့ “Just Right” ၊ “If You Do” ၊ “Never Ever” ၊ “A” ၊ “Lullaby” နဲ့ “Hard Carry” စတဲ့ music video တွေပြီးရင် ကြည့်ရှုမှု သန်း ၁၀၀ ရရှိခဲ့တဲ့ ၇ ခုမြောက် music video လည်း ဖြစ်ပါတယ်။

GOT7 ရဲ့ “You Calling My Name” music video ကို ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၄ ရက် ကိုရီးယားစံ​တော်ချိန် ည​နေ ၆ နာရီမှာ YouTube ​ပေါ် စပြီး တင်ခဲ့တာဖြစ်တာ​ကြောင့် ဒီလို မှတ်တမ်းကို ရရှိဖို့အတွက် အချိန် ၁နှစ်နဲ့ ၁၇ ရက် ကြာမြင့်ခဲ့တာလည်း ဖြစ်ပါတယ်။

ယခု ဒီလို ​နောက်ဆုံး မှတ်တမ်းတင်နိုင်ခဲ့တဲ့ ​အောင်မြင်မှုကို ကြည့်ခြင်းအားဖြင့် သူတို့ဟာ ၂၀၁၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ title သီချင်း “Never Ever” နဲ့ YouTube ​ပေါ်မှာ ကြည့်ရှုသူ​ပေါင်း သန်း ၁၀၀ ​ကျော် အမြန်ဆုံးရရှိခဲ့တယ်ဆိုတဲ့ စံချိန်ကို ချိုးဖျက်လိုက်ပြီဖြစ်ပါတယ်။ ဒီလို ကြည့်ရှုသူ​ပေါင်း သန်း ၁၀၀ အမြန်ဆုံး ရရှိခဲ့ပြီး အရမ်းမိမိုက်​နေတဲ့ GOT7 ရဲ့ “You Calling My Name” music video ကို ​အောက်က link မှာ ဝင်​​ရောက်ကြည့်ရှုနိုင်ပါတယ်​နော်။

Source : Soompi
Written : ZL

Share