ပထမဆုံး အပိုင်းမှာတင် rating အရမ်းမြင့်​နေတဲ့ The Godess of Revenge

The Godess of Revenge ဆိုတဲ့ ဒရမ်မာ အသစ်​လေးဟာ ဆိုရင် ပုံမှန် ကိုရီးယား ဒရမ်မာ​တွေနဲ့ မတူဘဲ ဇာတ်အိမ်​က တစ်မျိုး ကွဲထွက်​နေတာပါ။ ​ငွေ​ကြေးနဲ့ အာဏာ မြင့်မားတဲ့ အသိုင်းအဝိုင်းက ရှုပ်​ထွေးတဲ့ ဘဝ​တွေအ​ကြောင်း ရိုက်ပြထားတာပါ။

ဒီ ဒရမ်မာထဲမှာဆိုရင် Kang Hae Rang(Kim Sa Rang) ဆိုတဲ့ ကိုရီးယားရဲ့ နာမည်အကြီးဆုံး social influrancer တစ်​ယောက်ဟာ ထွက်​ပေါ်လာတဲ့ မ​ကောင်း သတင်း​ကြောင့် ရုတ်တရက် နံမည်ကျသွားပြီး ​အောင်မြင်မှု​တွေ ဆုံးရှုံးလိုက်ရပါတယ်။ ​သူဟာ ​နောက်ပိုင်းမှာ အခွင့်အ​ရေးရပြီး လက်စားပြန်​ချေဖို့ အ​ခြေအ​နေမှာ အင်အားကြီးတဲ့ လူတစ်စုနဲ့ရင်ဆိုင်ခဲ့ရပါတယ်။

Cha Min Joon (Yoon Hyun Min)ဆိုတာ က​တော့ အ​နေ​အေးပြီး ထူးချွန်တဲ့ ​ရှေ့​နေတစ်ဦးပါ။ ဒါ​ပေမယ့်လည်း သူဟာ သူ့မိသားစုကို လက်စား​ချေဖို့ ဆုံးဖြတ်ထားသူ တစ်ဦးလည်းဖြစ်ပါတယ်။ Kim Tae On(Yoo Sun) ဆိုသူက​တော့ မိသားစုပိုင် လုပ်ငန်းစုကြီးကို ကြိုးကြိုးစားစားနဲ့ ဦးစီး​နေသူတစ်ဦးဖြစ်ပါတယ်။

ဒီလို ဇာတ်​ကောင်​တွေ ကြားထဲက ဆက်နွယ်မှု​တွေ၊ ဇာတ်ကွက် အလှည့်အ​ပြောင်း​တွေကို ဒီ ဒရမ်မာမှာ ​တွေ့ရမှာ ဖြစ်ပါတယ်။ Nielsen Korea ရဲ့ ထုတ်ပြန်မှုအရ နိုဝင်ဘာ 21ရက်​နေ့ “The Goddess of Revenge”ရဲ့ ပွဲဦးထွက် ပထမပိုင်းမှာတင် rating ၄.၁ ရာခိုင်နှုန်းထိ မြင့်တက်​နေတာ ဖြစ်ပါတယ်။

ပထမပိုင်းမှာတင် rating ​တွေ ဒီ​လောက်ထိမြင့်​နေတာ ဆို​တော့ ​​တော်ရုံ ဒရမ်မာ​တော့မဟုတ်​လောက်ဘူး​နော်။ ပုံမှန် အချစ် ရိုမန်တစ်ကား​လေး​တွေ ကြည့်​​နေရတာဆို​တော့ ဒီတစ်လှည့်​တော့ ဒီလို ကားမျိုး​လေး​တွေ ကြည့်ဖို့ အ​ကောင်းဆုံး အချိန်ပါဘဲ​နော်။

Source: Twitter
Written: Zunepwint

Share