“Life Goes On” အပါအဝင် လက်ဖျားခါလောက်တဲ့စံချိန်သစ်တွေနဲ့ BTS အဖွဲ့ရဲ့ မှတ်တမ်းဝင်သီချင်းများ

BTS ရဲ့ Album အသစ် “BE” က November 20 ရက်နေ့ကမှ စတင်ထွက်လာခဲ့တာပါ။ ထွက်လာပြီး သိပ်မကြာခင်မှာပဲ စံချိန်အသစ်တွေတင်ရင်း Record တွေ ချိုးနေတာဖြစ်လို့ ARMY တွေ ပျော်ရွှင်နေပါတော့တယ်။ ဒီထဲမှာ Title Track ဖြစ်တဲ့ “Life Goes On” ကတော့ ၂ရက်အတွင်း စံချိန်သစ်ကို အလွယ်လေးတင်နိုင်ခဲ့ပါတော့တယ်။

ထွက်လာပြီး ၂ရက်အကြာမှာပဲ ကြည့်ရှုသူ 100 Million ရရှိခဲ့တာကြောင့်ပါ။ ARMY တို့ကတော့ မအိပ်မနေကို Streaming လုပ်ရင်း BTS ကို ပံ့ပိုးနေလေရဲ့။ BTS အဖွဲ့အတွက် ဒီ “Life Goes On” MV ကတော့ ကြည့်ရှုသူဦးရေအများဆုံးဖြစ်အောင် မှတ်တမ်းသစ်တွေ ရေးထိုးနိုင်ဖို့ ၂၇ပုဒ်မြောက် သီချင်းအဖြစ်စာရင်းဝင်လာခဲ့ပါပြီ။

100 Million Views ထက် မြင့်မားတဲ့စံချိန်တွေတင်ထားတဲ့ MV တွေကတော့… “DNA” သီချင်းက 1.1 billion views, “Boy With Luv” က 1 billion views, “Fake Love” က 800 million views, “Idol” နဲ့ “Mic Drop (Remix)” သီချင်းတွေက 700 million views, “Fire,” “Blood Sweat Tears,” “Dope,” နဲ့ “Dynamite” စတဲ့ MV တွေကတော့ 600 million views ထိရရှိခဲ့ပါတယ်။

ဒါ့ပြင် “Save Me” သီချင်းဟာလည်း 500 million views, “Not Today” က 400 million views, “Boy In Luv” နဲ့ “Spring Day” ကတော့ 300 million views, “War Of Hormone,” “I Need U,” “On,” အပြင် “Black Swan” MV တို့ကလည်း 200 million views ကို ရရှိထားပြီး “Danger,” “Just One Day,” “We Are Bulletproof Part 2,” “Run,” “Serendipity,” “Singularity,” “No More Dream,” နဲ့ “Idol (Feat. Nicki Minaj)” တို့က 100 million views ကို အသီးသီရရှိထားကြပါတယ်။

အခု ဒီစံချိန်တင် MV စာရင်းမှာ “Life Goes On” သီချင်းလည်း ပါလာခဲ့ပါပြီ။ BTS ရဲ့ အောင်မြင်မှုမှတ်တမ်းတွေကို ကြည့်လိုက်တဲ့အခါတိုင်း ARMY တို့ရဲ့ ချစ်ခြင်းမေတ္တာတွေကို ခံစားမိစေပါတယ်။ အကောင်းဆုံးဖန်တီးပေးတဲ့ BTS နဲ့ သူတို့ရဲ့ဖန်တီးမှုတွေကို အမြင့်ဆုံး/ထိပ်ဆုံးမှာ ရပ်တည်နိုင်အောင် ပံ့ပိုးပေးတဲ့ ARMY တို့အတွက် ဒီမှတ်တမ်းတွေ၊ စံချိန်တွေက Idol နဲ့ Fan ကြားက ခိုင်မာတဲ့ပတ်သတ်ဆက်နွယ်မှုလေးကို သက်သေခံပေးနေပါတော့တယ်။

Source: allkpop
Written: Nay Chi

Share