Nam Joohyuk ရဲ့ ရုပ်ရည်ချောမောမှုကို ချီးမွမ်းပြောဆိုပေးခဲ့တဲ့ Kim Seon Ho

လတ်တလော အားလုံးရဲ့ပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ K Drama ကောင်းလေးတစ်ခုဖြစ်တဲ့ Start Up မှာ ပါဝင်သရုပ်ဆောင်ထားတဲ့ Kim Seon Ho ကတော့ တွဲဖက်သရုပ်ဆောင်ဖြစ်တဲ့ Nam Joo Hyuk အပေါ် စစတွေ့ချင်း သူ့ရဲ့အမြင်အကြောင်း ပြောပြခဲ့ပါတယ်။

tvN drama Start-Up မှာ Han Ji-pyeong ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ထားတဲ့ Kim Seon-ho ဟာ တွဲဖက် သရုပ်ဆောင် Nam Joo-hyuk ရဲ့ ဆွဲဆောင်မှုရှိတဲ့ ရုပ်ရည်သွင်ပြင်နဲ့ ပတ်သတ်ပြီး အင်တာဗျူးတစ်ခုမှာ ချီးမွမ်းပြောဆိုပေးခဲ့တာပါ။

Start-Up ဟာ လက်ရှိ tvN မှ ထုတ်လွှင့်ပြသနေပြီး ratings ကောင်းကောင်းနဲ့ ကြည့်ရှုသူတွေရဲ့အချစ်ကိုသိမ်းပိုက်ထားပါတယ်။ ဇာတ်လမ်းရဲ့ဆွဲဆောင်မှုအပြင် သရုပ်ဆောင်တွေရဲ့ အရှိန်အဝါဟာလည်း ပရိတ်သတ်တွေကြားမှာ အရမ်းကို အပြောများတဲ့ ခေါင်းစဉ်တစ်ခုဖြစ်နေတာပါ။

Esquire Korea ရဲ့ အင်တာဗျူးတစ်ခုမှာတော့ Kim Seon-ho ရဲ့ ချောမောလှတဲ့ ရုပ်ရည်အပေါ်ချီးကျူးပြောဆိုတဲ့အခါမှာတော့ သူက ” တကယ်တော့ ကျွန်တော်က အဲ့လောက် ချောမောတာမဟုတ်ပါဘူး။ ဒါပေမယ့်ဒီလိုပြောပေးလို့ကျေးဇူးတင်ပါတယ်။ Joo Hyuk ကမှတကယ့်ကို ဆွဲဆောင်မှုရှိတာပါ။ သူ့ကို စမြင်ကာစတုန်းက အရောင်အဝါတွေထွက်နေသလိုမျိုး ဆွဲဆောင်မှုအပြည့်နဲ့။

တကယ့်ကိုကာတွန်းစာအုပ်ထဲက အရမ်းချောမောတဲ့ ဇာတ်ကောင်တစ်ယောက် အပြင်လောကကိုခုန်ထွက်လာတယ်လို့တောင်ထင်ခဲ့ပါတယ်” ဆိုပြီး Nam Joohyuk ရဲ့ ရုပ်ရည်နဲ့ ပတ်သတ်ပြီး ချီးမွမ်းပြောဆိုခဲ့ပါတယ်။ ပရိတ်သတ်တွေကတော့ နှစ်ယောက်လုံးဟာ တစ်မျိုးစီ ချောမောပြီး ကြည့်ကောင်းတဲ့ရုပ်ရည်၊ ဆွဲဆောင်မှုတွေရှိကြတယ်ဆိုတာ လက်ခံထားကြပြီးသားပါပဲ။

Source: Pinkvilla
Written: Gyi Gyi

Share