အရှုပ်အရှင်းများကြားမှ December Comeback အတွက် Teaser တောင်ထွက်ရှိလာပြီဖြစ်တဲ့ IZ*ONE

IZ*ONE ကတော့ December မှာ Comeback Album နဲ့အတူ ပရိတ်သတ်ရှေ့ကိုပြန်လည်ရောက်လာဖို့ ပြင်ဆင်နေပါပြီ။ November 23 နေ့ ညမှာ IZ*ONE ဟာ December မှာ ပြုလုပ်မယ့် Comeback အတွက် ပထမဆုံးသော Teaser လေး ထွက်ရှိလာပါတယ်။

cinema-inspired poster လေးတစ်ခုဖြစ်ပြီး ရုပ်ရှင်လက်မှတ်လိုပုံစံအပေါ်မှာ အဖွဲ့ဝင်တွေရဲ့ နာမည်နဲ့ “One-reeler: Act IV” ဆိုတဲ့ စကားလုံးလေးတွေပါဝင်ထားပါတယ်။ ထက်ပြီးတော့လည်း Teaser မှာ comeback date December 7, 6 p.m. KST ကိုပါ ထည့်သွင်းအတည်ပြုပေးထားပါသေးတယ်။ Comeback အတွက် အဆင်သင့်ဖြစ်နေပြီဖြစ်တဲ့ IZ*ONE ကတော့ website ကိုလည်း လာမယ့် Comeback ရဲ့ theme လို့ယူဆရတဲ့ “cinema homepage” လေးပြောင်းထားလိုက်ပါပြီ။

IZ*ONEဟာ အတည်ပြုထားတဲ့ comeback ထွက်ရှိမယ့်နေ့ December 7, 6 p.m. KST မတိုင်ခင် December 6 ရက်နေ့ 2020 Mnet Asian Music Awards (2020 MAMA) မှာ title track အသစ်စက်စက်လေးကို ပထမဆုံးအနေနဲ့ ဖျော်ဖြေပေးသွားမှာပါတဲ့။ Title Track ကို MAMA stage ကို ဘယ်လိုမျိုး ခမ်းခမ်းနားနားမြင်ရပြီး ဘယ်လောက်တောင်အံ့အားသင့်စရာတွေတွေ့ရမလဲဆိုတာ အားလုံးလဲ ရင်ခုန်နေကြမယ်ထင်ပါတယ်။ စောင့်ကြည့်အားပေးကြပါအုံး။

Source: Soompi
Written: Gyi Gyi

Share