“You Quiz On The Block” ကို Lee Dong Wook က ဘာလို့တောင်းပန်ခဲ့တာလဲ ?

Tale of the Nine Tailed ဇာတ်လမ်းတွဲနဲ့ ပရိတ်သတ်ရဲ့ ချစ်ခင်အားပေးမှုတွေရရှိထားတဲ့ သရုပ်ဆောင်မင်းသား Lee Dong Wook ဟာ “You Quiz On The Block” ကို Coffee Truck လေးပို့ပေးပြီး တောင်းပန်ခဲ့ပါတယ်။ Banner မှာတော့ “တောင်းပန်ပါတယ်။

တကယ်မရည်ရွယ်ပါဘူး” ဆိုပြီး ရေးထားပါသေးတယ်။ Lee Dong Wook တစ်ယောက် Coffee truck ပို့ပြီး တောင်းပန်တယ်ဆိုတဲ့ အကြောင်းဟာ လူမှုကွန်ယက်မှာတော့ စိတ်ဝင်စားစရာကိစ္စတစ်ခုဖြစ်နေပါတော့တယ်။ “You Quiz On The Block” ရဲ့ နောက်ဆုံးထုတ်လွှင့်ထားတဲ့အပိုင်းမှာ Lee Dong Wook ထံမှ coffee truck လက်ခံရရှိထားတယ်ဆိုပြီး Yoo Jae Suk ကပြောခဲ့တာပါ။

Lee Dong Wook တောင်းပန်ရတဲ့အကြောင်းရင်းကတော့ Tale of the Nine Tailed ရဲ့ ရိုက်ကွင်းမှာ ဖြစ်ခဲ့တဲ့အကြောင်းလေးတစ်ခုကြောင့်ပါတဲ့။ ရိုက်ကွင်းမှာ Lee Dong Wook ကို tvN ကနေထုတ်လွှင့်ပြသနေတဲ့ အစီအစဉ်နှစ်ခုဖြစ်တဲ့ Amazing Saturday နဲ့ You Quiz on the Block ထဲမှာ ဘယ်ဟာကို ပိုကြိုက်လဲဆိုပြီး ရွေးခိုင်းခဲ့ပါတယ်။

Lee Dong Wook က စဉ်းစားပြီးတော့ Amazing Saturday ကို ပိုကြိုက်တယ်လို့ဖြေခဲ့တာပါ။ အပြောသဘောနဲ့ စနောက်ပြီးမေးခဲ့ကြတာဖြစ်ပေမယ့် Lee Dong Wook ဟာ စိတ်မကောင်းဖြစ်မိတဲ့အတွက် coffee truck လေးပို့ပြီး တောင်းပန်ခဲ့တာပါတဲ့။

Yoo Jae Suk ကတော့ Lee Dong Wook ကို တောင်းပန်စရာမလိုကြောင်းနဲ့ coffee truck အတွက် ထပ်ပြီးတော့ ကျေးဇူးတင်ကြောင်း ပြောပေးခဲ့ပါတယ်။ Lee Dong Wook တစ်ယောက် ဘယ်လိုတောင်စိတ်ထားနူးညံ့လိုက်လဲနော်။

Source: Koreaboo
Written: Gyi Gyi

Share