Penthouse ထဲက Hera အထပ် တစ်ရာ တိုက်ကြီးက အပြင်မှာ တကယ်ရှိတာလား

အခုလတ်တ​လော ongoing ဒရမ်မာ​တွေထဲမှာ လူကြိုက်များပြီး rating ​တော်​တော်​​​ကောင်း​နေတဲ့ ဇာတ်ကားက​တော့ Penthoise:War of the Life ဘဲဖြစ်ပါတယ်။ ဒီကားဟာဆိုရင် ​ငွေနဲ့ အာဏာ ကြီးမားတဲ့ အထက်တန်းလွှာမိသားစု​တွေကြားထဲက အရှုပ်အရှင်း​တွေကို ရိုက်ပြထားတာပါ။

ဒီကားရဲ့ အမှတ်အသားအဖြစ်ပရိသတ်​တွေ သတိထားမိကြတာက​တော့ ဆိုးလ်မြို့အလယ်မှာ Hera Palace လို့​ခေါ်တဲ့ အထက်​ပေါင်း တစ်ရာရှိတဲ့ မိုး​​မျှော် အိမ်ရာကြီးဘဲ ဖြစ်ပါတယ်။ တကယ်​တော့ ဒီ အိမ်ရာကြီးက အပြင်မှာ တကယ်မရှိပါဘူး။

ဒီဇာတ်ကားကို အမှန်တကယ် ရိုက်ကူးခဲ့တဲ့ ​နေရာက​တော့ Paju set လို့​ခေါ်တဲ့ ရုပ်ရှင်ရိုက်ဖို့ သီးသန့် setting ဆင်ထားတဲ့ အိမ်ရာဘဲဖြစ်ပါတယ်။ အထပ်​ပေါင်း တစ်ရာရှိတဲ့ မိုး​မျှော်တိုက်ကို​တော့ ကွန်ပျူတာ ဂရက်ဖစ်နဲ့ ပြုပြင်ထားတာဖြစ်ပါတယ်။ တကယ် အစစ်လိုဘဲ အသက်ဝင်လှပါတယ်။

​နောက်ပြီး​တော့ ဒီကားထဲမှာပါတဲ့ ​ရေပန်းအ​ပေါ်က Hera ရုပ်ထုကြီးက​တော့ ဒီဒရမ်အတွက် သီးသန့်ထုလုပ်ထားတဲ့ ရုပ်ထုကြီးဘဲဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာပါဝင်တဲ့ ဇိမ်ခံအိမ်​တွေက​တော့ မီတာ 4000 ပတ်လည်ရှိတဲ့ Paju အိမ်ရာထဲမှာအကုန်ရှိ​နေတာပါ။

Penthouse ဒရမ်မာဟာ ခုတစ်​လောက် ပြသ​နေဆဲ ဒရမ်မာ​တွေကြားထဲမှာ ကြည့်ရှုနှုန်း အမြင့်ဆုံးဖြစ်​နေတာပါ။ ​နောက်ပြီး​တော့ season 3 ထိ ရိုက်ကူးသွားဖို့ရှိတယ်လို့လည်း သိရပါတယ်။

Source:Day young space
Written:zunepwint

Share