BLACKPINK ကတော့ Airport တောင်မချန်ပဲ Fashion တွေနဲ့ အားလုံးရဲ့အာရုံကို အပိုင်သိမ်းတာနော်။လူအများစုအတွက်ကတော့ airport ဆိုတဲ့နေရာဟာ သက်သောင့်သက်သာဖြစ်တဲ့အဝတ်အစားတွေကိုပဲ ဝတ်လေ့ရှိကြမှာပါ။
ဒါပေမယ့် Global Idol တွေဖြစ်တဲ့ BLACKPINK ကတော့ တမူထူးခြားနေပြီး high heels ကစလို့ Long Coat အဆုံး အလန်းစား Fashion တွေနဲ့ တွေ့ရမှာပါ။ BLACKPINK အနေနဲ့တော့ airport fashion ဆိုပြီးခေါ်ရလောက်အောင်ပဲ Airport ကို Fashion show အဖြစ် အထင်မှားစေလောက်တာပါပဲ။
Jennie
Debut ခါစကတည်းက Jennie ဟာ K-Pop နယ်ပယ်မှာ fashion icon တစ်ခုအနေနဲ့ အများက အသိအမှတ်ပြုထားကြတာပါ။ styles မျိုးစုံ trends မျိုးစုံနဲ့ လိုက်ဖက်လှသူဖြစ်ပြီးတော့ ပြိုင်ဘက်ကင်းပြီး ခေတ်ဆန်လွန်းတဲ့ style တွေကြောင့် လူအများရဲ့ အာရုံစိုက်မှုရရှိထားပါတယ်။ သူမရဲ့ ဒီလို unique ဖြစ်တဲ့ style တွေကို airport မှာလည်း တခမ်းတနားတွေ့နိုင်မှာပါ။
Rosé
Rosé တစ်ယောက်ကတော့ oversized coats တွေကို သူ့အတွက် ထုတ်ထားသလားထင်ရလောက်အောင် လိုက်ဖက်မှုရှိတဲ့သူတစ်ယောက်ပါပဲ။ Rosé ရဲ့ style ဟာ အမြဲကို ထင်းလင်းထွက်နေတတ်ပါတယ်။ ပေါ့ပေါ့ပါးပါး street style ပဲဖြစ်ဖြစ် luxurious dress ဖြစ်ဖြစ် Rosé သာဝတ်ဆင်လိုက်မယ်ဆိုရင် သေချာတာတစ်ခုကတော့ အားလုံးရဲ့ အာရုံစိုက်မှုတွေကို သိမ်းပိုက်သွားနိုင်တာပါပဲ။ သူမရဲ့ Style ဟာ ထသွားထလာပုံစံဖြစ်ပေမယ့် ခေတ်မီဆန်းပြားလှတဲ့ အဝတ်အစားတွေနဲ့ တစ်မူထူးနေတာဖြစ်ပါတယ်။
Lisa
Lisa ဟာ streetwear style တွေနဲ့ သူများတွေထက်ပိုပြီး ဆွဲဆောင်အားပြင်းတဲ့ tomboy ပုံစံမျိုးတွေ့ရတာပါ။ Lisa ရဲ့ airport fashion တွေဟာ ဆိုရင် ဖျော်ဖြေမှုတွေမှာတွေ့ရတဲ့ Fashion တွေနဲ့ တန်းတူ trendy style တွေဖြစ်နေတဲ့အတွက် အားလုံးရဲ့ စိတ်ဝင်စားမှုရရှိထားပါတယ်။
Jisoo
Jisoo ရဲ့ တက်ကြွ လန်းဆန်းတဲ့ပုံလေးကို ပိုပြီး ထင်လင်းထွက်နေအောင်ပံ့ပိုးပေးနေတာကတော့ သူမရဲ့ style ပါပဲ။ သူမရဲ့ အရောင်အသွေးစုံတဲ့ အဝတ်အစားတွေနဲ့ လှပတဲ့ အဆင်ဒီဇိုင်းတွေကြောင့် airport မှာ ဖြတ်သွားတဲ့သူတိုင်း ပြန်ငေးရလောက်အောင်ဖြစ်တတ်ကြပါတယ်။
Source: Koreaboo
Written: Gyi Gyi