အားလုံးမျှော်နေကြတဲ့ Netflix ရဲ့ သည်းထိပ်ရင်ဖိုဇာတ်လမ်းတွဲအသစ်မှာ မြင်ရမယ့် နာမည်ကြီးသရုပ်ဆောင်များ

Netflix ရဲ့မကြာခင်မှာပြသတော့မယ့် original series “Sweet Home” ကတော့ ဇာတ်ကောင်တွေပါဝင်တဲ့ ဇာတ်လမ်းထဲက ပုံရိပ်လေးတွေကို ထုတ်ပြပေးလိုက်ပါတယ်။ နာမည်ကြီး သည်းထိတ်ရင်ဖို “Sweet Home” ဆိုတဲ့ webtoon ကို အခြေခံပြီး ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။ Love Alarm နဲ့ လူသိများခဲ့တဲ့ မင်းသားချောလေးSong Kang ကတော့ Cha Hyun Soo ဆိုတဲ့ ကျောင်းသားလေးနေရာကနေသရုပ်ဆောင်ထားပါတယ်။

Cha Hyun Soo ဟာ မတော်တဆမှုတစ်ခုကြောင့် မိသားစုကိုဆုံးရှုံးထားရတဲ့ အထက်တန်းကျောင်းသားလေးတစ်ယောက်ဖြစ်ပြီး တိုက်ခန်းအသစ်ကိုပြောင်းရွှေ့နေထိုင်ပြီးတဲ့နောက် ပတ်ဝန်းကျင်မှာ ထိတ်လန့်အံ့ဩစရာ အဖြစ်အပျက်တွေဖြစ်တဲ့ လူသားကနေ Monster တွေအဖြစ်ပြောင်းသွားကြတာတွေနဲ့ ကြုံတွေ့ရတာပါ။

အသစ်ထွက်ရှိလာတဲ့ ပုံရိပ်တွေအရတော့ Green Home apartments မှာ နေထိုင်သူတွေဟာ သူတို့ရဲ့အနီးနားမှာ ရှိတဲ့ Monster တွေနဲ့ရင်ဆိုင်နေရပုံတွေပါဝင်နေပါတယ်။ သူတို့နေထိုင်ရာ အဆောက်အအုံတစ်ခုလုံးဟာ Monster တွေနဲ့ပြည့်နှက်နေတဲ့ သီခြားကမ္ဘာတစ်ခုဖြစ်နေပေမယ့် နေထိုင်သူတွေကတော့ နောက်ဆုံးအသက်ရှင်ကျန်ဖို့အတွက် ကြိုးစားရုန်းကန်သွားကြမှာပါ။ ထွက်ရှိလာတဲ့ပုံတွေထဲကတစ်ခုမှာတော့ Cha Hyun Soo ဟာ ဖုန်းကိုနားမှာကပ်ထားပြီး အရမ်းထိတ်လန့်နေပုံပေါ်နေပါတယ်။

နောက်ထပ်တစ်ပုံမှာတော့ စုံထောက်ဟောင်းတစ်ယောက်ဖြစ်တဲ့ Pyun Sang Wook (Lee Jin Wook) နဲ့ မီးသတ်အဖွဲ့ဝင်ဟောင်း Seo Yi Kyung (Lee Si Young) တို့လဲ ဒဏ်ရာတွေအများအပြားနဲ့တွေ့ရပါသေးတယ်။ ထက်မြတ်တဲ့ Lee Eun Hyuk (Lee Do Hyun) ကတော့ အသက်ရှင်ကျန်သူတွေကို ရဲရဲရင့်ရင့်နဲ့ ပုလင်းတစ်ခုကို မီးတုတ်အနေနဲ့အသုံးပြုပြီး ဦးဆောင်နေတာကိုလည်းတွေ့ရမှာပါ။ Sweet Home ကတော့ December 8 ရက်နေ့မှာ ထွက်ရှိမှာဖြစ်ပါတယ်။

Source: Soompi
Photo: Jtbc
Written: Gyi Gyi

Share