“EXO အပါအဝင် နာမည်ကြီးတွေကိုအသုံးချပြီး အကွက်ရွှေ့နေတယ်”လို့ စွပ်စွဲခြင်းခံနေရတဲ့ Tao

မကြာသေးခင်ကပဲ Tao ဟာ သူ့သီချင်းသစ် “Moments” ကို ထုတ်ပေးခဲ့ပါတယ်။ ဒီသီချင်းလေးပြီးတဲ့နောက် promotion လုပ်တဲ့အနေနဲ့ သူ့ရဲ့ Wechat acc ထဲက အမှတ်တရတွေကို Viedo လုပ်ပြီး တင်ပေးခဲ့ရှာပါတယ်။ ထို Viedo ထဲမှာ EXO အဖွဲ့ဝင်ဖြစ်စဥ်အခါက ပုံလေးတွေပါဝင်လာခဲ့တာမို့လို့ အားပေးသူတွေဟာ EXO OT12 ကို လွမ်းဆွတ်တမ်းတခဲ့ကြရပါတယ်။

ပြဿနာကတော့ ဒီကစတယ်လို့ ပြောရပါလိမ့်မယ်။ တရုတ်နိုင်ငံက Webio အသုံးပြုသူ EXO ပရိသတ်အဖွဲ့အစည်းဟာ Tao ကို စတင်ပြီး ဝေဖန်ခဲ့ကြပါတော့တယ်။ ဒီဝေဖန်မှုတွေထဲမှာမှ “ရင်းနှီးတဲ့နာမည်ကြီးမိတ်ဆွေကိုအသုံးပြီး ကျော်ကြားအောင်လုပ်ရင်း အကွက်ရွှေ့နေတယ်” ဆိုပြီး ပြောဆိုခဲ့ကြတာပါ။

သီချင်းအသစ်အတွက် Viedo လေးတင်ပေးခဲ့တဲ့ထဲမှာ Tao တစ်ယောက် Private Photo လုပ်ထားခဲ့တဲ့ EXO အဖွဲ့ဝင်တွေနဲ့အတူရှိစဥ်က ပုံလေးတွေပါလာခဲ့ပါတယ်။ ထို့နောက်မှာတော့ တရုတ်နိုင်ငံသား EXO-L တွေဟာ ဒီအပြုအမူနဲ့ပတ်သက်ပြီး အလွန်တရာဒေါသတွေထွက်ကာ “အဖွဲ့ဝင်ဟောင်းတွေကိုအသုံးချပြီး သူ့ရဲ့သီချင်း နာမည်ကြီးလာအောင် လုပ်နေတယ်” လို့ပြောဆိုကြပြီး Tao ကို ဝေဖန်တိုက်ခိုက်ပါတော့တယ်။

Weibo မှာဆိုရင် “EXO အဖွဲ့ကနေ ထွက်သွားပြီးတာတောင် သူတို့နာမည်ကိုအသုံးချချင်နေသေးတာလား?” “တအားရင်းနှီးတဲ့ပုံစံဖမ်းပြီး အရင်ကပုံတွေကိုလာပြနေသေးတယ်..သစ္စာမရှိတဲ့လူ” “EXO အဖွဲ့ဝင်လည်းမဟုတ်တော့ဘဲနဲ့ EXOအကြောင်း မပြောစမ်းပါနဲ့” “နင်က အခု EXO ကို အသုံးချပြန်ပြီပေါ့…” စသဖြင့် ရေးသားဝေဖန်နေကြ​ပါတော့တယ်။

ဒါ့အပြင် Tao မေတ္တာရှိ​နေတဲ့ ကိုရီးယားနာမည်ကြီးအမျိုးသမီးအနုပညာရှင်ဟာ IU ဖြစ်ရမယ်ဆိုပြီး ခန့်မှန်းခဲ့ကြတဲ့ကိစ္စတွေအပြင် တလောလေးကမှ Tiktok မှာ နာမည်ကြီးရေပန်းစားလာခဲ့တဲ့ စီချွမ်နယ်သားလေးဆီကို Tao က သွားတွေ့မဲ့ကိစ္စတွေကိုပါ အကုန်ဆွဲထည့်ပြောဆိုခဲ့ကြပြီး ယခုတစ်ခါမှာလည်း EXO အဖွဲ့ကို အသုံးချပြန်ပြီဆိုပြီး တရုတ်နိုင်ငံသားတွေက အပြစ်တင်ကြပါတော့တယ်။

သူတို့ရဲ့ဝေဖန်စကားတွေအရ Tao ဟာ နာမည်ကျော်ကြားလာဖို့အတွက် နာမည်ကြီးရေပန်းစားနေသူတွေကို အသုံးချအမြတ်ထုတ်နေတာပါတဲ့။ ပြောရရင် Tao ကိုယ်တိုင်ကလည်း လက်ရှိတရုတ်နိုင်ငံရဲ့ နာမည်ကြီးအနုပညာရှင်တစ်ယောက်ဖြစ်တာကို အားလုံးအသိဆုံးပါပဲ။

စိတ်နှလုံးသားဖြူစင်ပြီး ပွင့်ပွင့်လင်းလင်းပဲပြောတတ်ဆိုတတ်သူမို့လို့ ပရိသတ်တွေက ချစ်ခင်အားပေးကြရသူပါ။ မည်သို့ပင် အပြစ်တင်ကာ ဝိုင်းဝန်းတိုက်ခိုက်ပါစေ Tao ကတော့ အဖတ်မလုပ်ဘဲ သူ့ကိုချစ်ခင်အားပေးကြတဲ့ပရိသတ်တွေနဲ့အတူ ဘဝခရီးကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေဦးမှာပါပဲ။

Source: kbizoom
Photos: credits
Written: Nay Chi

Share