သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ Taemin နဲ့ Jimin အကြောင်းပြောပြလာတဲ့ Kai

November 30 ရက်နေ့ကမှ အားလုံးကအရမ်းကိုမျှော်လင့်နေခဲ့တဲ့ ပထမဆုံးသော Solo debut လေးပြုလုပ်ခဲ့တဲ့ ပြည်သူ့အချစ်တော် Idol group EXO ရဲ့အဖွဲ့ဝင် KAI ဟာ သူငယ်ချင်းတွေဖြစ်ကြတဲ့ SHINee အဖွဲ့ဝင် TAEMIN နဲ့ BTS အဖွဲ့ဝင် JIMIN တို့ရဲ့ အကစွမ်းရည်တွေအကြောင်းဖော်ပြပြောဆိုခဲ့ပါတယ်။

November 30 ရက်နေ့က YouTube channel တစ်ခုဖြစ်တဲ့ 1theK Originals ကနေပြီး KAI ရဲ့ video လေးကိုထုတ်ပေးခဲ့ပါတယ်။ Video ထဲမှာဆိုရင်တော့ KAI ဟာ သူ့အကြောင်းရေးသားထားတဲ့ အမျိုးမျိုးသော online posts တွေကိုကြည့်နေခဲ့တာပါ။

အမျိုးမျိုးသော post တွေထဲကမှ “Who I think the top 3 male K-pop dancers are” ဆိုတဲ့ ခေါင်းစဉ်နဲ့ post တစ်ခုကိုသတိထားမိခဲ့ပါတယ်။ စိတ်ဝင်စားသွားပြီးတော့ post ကို click နှိပ်ကြည့်တဲ့အခါမှာတော့ အဲ့ဒီလူတွေက TAEMIN, JIMIN နဲ့ KAI လို့ဖြေထားပါတယ်။

KAI က ဖတ်ကြည့်ပြီးတဲ့အခါမှာတော့ “အာ ဟုတ်တယ် TAEMIN ကတော့ အရမ်းကိုတော်တဲ့ dancer ပဲ။ ပြီးတော့ JIMIN ရဲ့ အကကတော့ တကယ့်ကို အံ့မခန်းပဲ” နောက်ပြီးတော့ ရီနေရင်းနဲ့ပဲ ” KAI သူကတော့ … Wow” ဆိုပြီး ပြောခဲ့ပါတယ်။

ထပ်ပြီးတော့လည်း ” အံ့ဩစရာကောင်းတာက ဘာလဲသိလား၊ သူတို့တွေအကုန်လုံးက သူငယ်ချင်းတွေလေ” ဆိုပြီး ပြောပြပါသေးတယ်။ နောက်ထပ် post တစ်ခုကို ဖတ်ဖို့လုပ်တဲ့အခါမှာတော့ staff တစ်ယောက်က သူတို့ထဲမှာ ဘယ်သူကအတော်ဆုံးလို့ထင်လဲလို့မေးတဲ့အခါမှာတော့ KAI က ပြုံးပြုံးလေးနဲ့ ကျွန်တော်တို့အကုန်လုံးတော်ကြပါတယ် လို့ပြန်လည်တုန့်ပြန်ထားပါတယ်။

Source: SBS star
Photo: 1theK Original
Written: Gyi Gyi

Share