မြေခွေးလူသား ဇာတ်လမ်းတွဲအသစ်မှာ အတူပါဝင်ကြမယ့် Girl’s Day ရဲ့ Hyeri နှင့် Jang Ki Yong

Girl’s Day အဖွဲ့ကHyeri နှင့် မင်းသားချော Jang Ki Yong တို့သည်ဒရာမာအသစ်တစ်ခုအတွက်အတူတကွပါဝင်ဖို့ဆွေးနွေးမှုများပြုလုပ်ခဲ့သည်။ ဒီဇင်ဘာ ၃ ရက်နေ့တွင်သရုပ်ဆောင်နှစ်ဦးလုံးက ဇာတ်ကားအသစ်တွင်သရုပ်ဆောင်ရန်အတည်ပြုခဲ့သည်ဟုဖော်ပြခဲ့သည်။

“ကြောက်မက်ဖွယ်ကောင်းသောသူနှင့်အတူတကွနေထိုင်ခြင်း(Frightening Cohabitation)ဖြစ်သော tvN ဒရာမာသည်ကောလိပ်ကျောင်းသူLee Dam အမည်ရှိမိန်းကလေးတစ်ဦး အကြောင်းကို အ ခြေခံထားသောwebton ရုပ်ရှင်ဖြစ်ပြီး ထိုမိန်းကလေးသည် နှစ်ပေါင်၉၉၉နှစ်သက်တမ်းရှိသောမြေခွေးရဲ့ စကျင်ကျောက်ကို မတော်တဆမြိုချမိရမှ မထင်မှတ်တဲ့ဇာတ်လမ်းတွေဖြစ်လာမှာဖြစ်ပါတယ်။

တဖက်မှာလည်းစကျင်ကျောက်ပိုင်ရှင်ဖြစ်တဲ့မင်းသား Jang ki yong(မြေခွေး)ကလည်းလူဖြစ်ရန်ကြိုးစားကျင့်ကြံနေတာဖြစ်ပြီး လူဖြစ်ရန်စကျင်ကျောက်ကိုမဖြစ်မနေလိုအပ်နေသူတစ်ဦးဖြစ်ပါတယ်။ ထိုစကျင်ကျောက်ကိုလူသားကမြိိုချလျှင်ထိုပမျိုချသူမှာ အချိန်တစ်နှစ်မျှသာအသက်ရှင်နိုင်မှာဖြစ်ပြီး ေစကျင်ကျောက်ပိုင်ရှင်မြေခွေးကလည်းလူဖြစ်ခွင့်ဆုံးရှုံးလိုက်ရမှာပဲ ဖြစ်ပါတယ်။

ဒီလိုအခြေအနေတွေကြောင့် မင်းသားနဲ့မင်းသမီးက အတူတူနေဖို့အကြောင်းဖန်လာတဲ့အခါ ဘယ်လိုမျိုးတွေဖြစ်မလဲဆိုတာကိုဇာတ်ကားလေးထွက်မှစောင့်ကြည့်ရအုန်းမှာဖြစ်ပါတယ်နော်။ Jang Ki Yong သည် (Giniho Shin Woo Yeo)အဖြစ်ပါဝင်မည်ဖြစ်ပြီးနှစ်ပေါင်း ၉၉၉ နှစ်ကြာနေထိုင်ခဲ့သည့် ချစ်စရာကောင်း​ ပြီးကျက်သရေရှိ လှတဲ့မြေခေွးနေရာ ကနေ ပါဝင်မှာ ဖြစ်ပါတယ်။

သူ၏မကြာသေးမီက ထွက်ရှိခဲ့သည့်“ Search: WWW” နှင့်“ Born Again” ကြည့်ရှုသူများအတွက် လာမည့်ဒရာမာတွင်ဂျန်ကီယောင်းရဲ့ဘယ်လို ကာရိုက်တာအဆန်းနဲ့လာမလဲဆိုတာကို စောင့်မျှော်ကြည့်ရမှာပဲ ဖြစ်ပါတယ်နော်။ Hyeri သည်အမှန်တရားကိုပြောဆိုရန် မတွန့်ဆုတ်နေတတ်သောကောလိပ်ကျောင်းသူ Lee Dam အဖြစ်သရုပ်ဆောင်မှာပဲ ဖြစ်ပါတယ်နော်။

သူမသည်စိတ်ဓာတ်ခိုင်မာရိုးသားဖြောင့်မတ်သူဖြစ်ပြီးမိမိကိုယ်ကိုရည်မှန်းချက်အလွန်ထားသူဖြစ်ပါတယ်။ ယခင်က Hyeri သည်“ Reply 1988” နှင့်“ Cops Two” စသည့်ပြဇာတ်များတွင် တော်တော်လေးအောင်မြင်ခဲ့ပါတယ်နော်။ဒီရုပ်ရှင်ကားကိုတော့ 2021 april လောက်မှာထုတ်လွှင်းသွားမှာဖြစ်ပြီး သူလည်းrating ကောင်းမယ့်အလားအလာရှိတဲ့drama စာရင်းထဲကတစ်ကားပဲ ဖြစ်ပါတယ်နော်။

Sources: Soompi
Photo: Credits
Written: PP

Share