ပရိသတ်တွေကို Jawdrop ဖြစ်သွားအောင် ဖမ်းစားနိုင်ခဲ့တဲ့ Momo ရဲ့ ကကွက် (၅) ခု

TWICE အဖွဲ့ရဲ့ Main Dancer, Lead Vocalist ဖြစ်တဲ့ Japan မလေး Momo ဟာဆိုရင် Kpop industry ထဲမှာ မယုံနိုင်လောက်အောင် အရည်အချင်းတွေရှိတဲ့ အကောင်းဆုံး dancer ဆိုပြီး လူတွေက သတ်မှတ်လေ့ရှိပါတယ်။ သူမရဲ့ များပြားတဲ့ legendary performance တွေကြောင့် ဒီ title ရတာ အထူးအဆန်းတော့ မဟုတ်ပါဖူး။ ခု ဖော်ပြမဲ့ Momo ရဲ့ အကောင်းဆုံးကကွက်တွေထဲက ငါးခုကို ကြည့်ပြီးရင် Momo ဘယ်လောက် အရည်အချင်းရှိလည်းဆိုတာ ပရိတ်သတ်ကြီးတို့ မြင်တွေ့နိုင်မှာပါ။

1.Hit the stage

Mnet ရဲ့ “Hit The Stage” မှာ ကခဲ့တဲ့ Momo ရဲ့ performance ကတော့ fan တွေရဲ့ အားအရဆုံး အကြိုက်ဆုံး တစ်ခုဖြစ်ခဲ့ပါတယ်။ ဒီ video မှာဆိုရင် အရမ်းဆွဲဆောင်မှုရှိတဲ့ ကကွက်တွေနဲ့အတူ ပြင်းထန်တဲ့ facial expression တွေကြောင့် ပရိသတ်ကြီးကို ညို့ယူဖမ်းစားနိုင်လွန်းတာ တွေ့ရမှာပါ။

2.Momo ရဲ့ကကွက်ဟန်တွေ

KBS’s Music Bank မှာ Momo, Dahyun,Chaeyoung,Mina တို့အတူပူးပေါင်းဖျော်ဖြေခဲ့တဲ့ ဒီ performance ကိုတော့ fan တွေဘယ်လိုမှမေ့လို့ရမယ် မထင်ပါဖူး။ ချောမောလှပလွန်းတဲ့ ဒီ အလှပဂေးလေးတွေက ဆွဲဆောင်မှုရှိရှိကပြဖျော်ဖြေတဲ့ ပုံရိပ်တွေဟာ fan တွေအဖို့ မျက်လုံးထဲက မထွက်နိုင်အောင် ဖြစ်ခဲ့ရပါတယ်။

3.SIXTEEN အစီအစဉ်တုန်းက Momo ရဲ့ dance skill

JYP Entertainment ရဲ့ survival program ဖြစ်တဲ့ “SIXTEEN” အစီအစဉ်မှာလည်း Momo ဟာ သူမရဲ့ ကကွက်တွေနဲ့ ပရိသတ်တွေအားလုံး ရင်သပ်ရှူမောဖြစ်သွားအောင် အရည်အချင်းတွေထုတ်ပြနိုင်ခဲ့ပါတယ်။

4.Momo ရဲ့ Freestyle ကကွက်

Momo ရဲ့ freestyle ကကွက်တွေဟာ ကြည့်ရှုသူတွေ အမြဲပြုံးပျော်သွားအောင် ရသပေးနိုင်စွမ်းရှိပါတယ်။ကကွက်တွေကို ချက်ချင်းဖန်တီးကဖို့ဆိုတာ လွယ်တာတော့မဟုတ်ပါဖူး ဒါပေမဲ့ Momo အဖို့ကတော့ အသာလေး အေးဆေးပါဘဲ။

5.TWICE music video တွေထဲက Momo dance skill

TWICE ရဲ့ comeback တိုင်းမှာ Momo က ဘယ်လောက်တောင် သေသပ်ကျနလှပအောင် ကနိုင်တယ်ဆိုတာ ပြောနေစရာတောင် မလိုပါဖူး။ တစ်ခါ comeback တိုင်း သူမရဲ့ အကစွမ်းရည်ဟာ အကန့်အသတ်မရှိ အမြဲတမ်းတိုးတက်နေတာကို ပရိတ်သတ်ကြီးတို့ TWICE ရဲ့ music video တိုင်းမှာ တွေ့နိုင်ပါတယ်။ ဒီ moments တွေကြည့်ပြီးရင် Momo က ပျော့ပြောင်းနိုင်စွမ်းရှိပြီး အထာကျကျကနိုင်တဲ့ အရည်အချင်းတွေရှိတယ်ဆိုတာ လက်ခံနိုင်မယ်လို့ ထင်ပါတယ်နော်။

Source: Koreaboo
Written: Violet
Photos: MOZZI House

Share