IU သည် College Scholastic Ability Test (CSAT) ကိုတက်ကြွစွာ ဖြေကြသောUaenaသများအားအထောက်အပံ့နှင့်နွေးထွေးသောသတင်းစကားကိုဒီလိုပဲပို့ပေးခဲ့ပါတယ်နော်။ကောလိပ်ပညာရေးစွမ်းရည်စမ်းသပ်မှု (CSAT) သည်တောင်ကိုရီးယားတက္ကသိုလ်များမှရရှိသောအဓိကစံသတ်မှတ်ထားသောစာမေးပွဲဖြစ်သည်။
စာမေးပွဲအောင်ဖို့စဉ်ဆက်မပြတ်လေ့လာနေစဉ်ဤနှစ်covid ကဲ့သို့သေအ ခက်ခဲများကြောင့် ဖြေဆိုမယ့်သူများအတွက်အလွန်စိတ်သောကရောက်ခဲ့ရပါတယ်။IUက “ဒီနေ့ဟာတကယ့်တိုက်ပွဲနေ့ပါပဲ။ဒီလိုရောဂါပိုးတွေဖြစ်ပွားနေတဲ့အချိန်မှာမှစာမေးပွဲကိုခက်ခက်ခဲခဲ ကြိုးစားပြီးဖြေရမှာကိုသိရတဲ့တကယ်စိတ်မကောင်းပါဘူး။သူ့ရဲ့နှလုံးသားကနေတကယ်နာကျင်ခံစားရပါတယ် ဘယ်လောက်ခက်ခဲလဲဆိုတာကိုသိရတဲ့အတွက်။
သူမကတကယ့်ကိုအထောက်အပံဖြစ်စေတဲ့ စကားလုံးများနဲ့ အားပေးခဲ့ပါတယ်နော်။ထို့အပြင်အပြင်ထွက်မယ့်သူအားလုံးအတွက်Maskတတ်ရန်လည်းအထူးသတိပေးခဲ့ပါသေးတယ်။ပြီးတော့လည်း ကိုရီးယားစကားပုံတစ်ခုကိုအသုံးပြုပြီးပြောခဲ့ပါသေးတယ်။
အဓိပ္ပာယ် ကတော့ဘယ်လောက်ပဲခက်ခဲနေတဲ့တိုက်ပွဲပင်ဖြစ်ပါစေ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်နဲ့တိုက်ခိုက်ရင် အောင်မြင်ပါလိမ့်မယ်ဆိုပြီး စကားပုံလေးနဲ့ပြောခဲ့ပါတယ်နော်။သူမကUaena များထံသို့သူမရဲ့ကံအားလုံးကိုပို့ပေးပြီး တယောက်ချင်းဆီကိုဖက်တဲ့ပုံစံလေးလုပ်ပြီး ပါးစပ်ကနေလည်း Unnieရှိတယ်ဆိုပြီးကျေနပ်ဖွယ်ရာပြောခဲ့ပါတယ်နော်။
Source:Koreaboo
Photo: IU YouTube Channel
Written: PP