နိုင်ငံတစ်ဝှမ်းမှာ ထင်ပေါ်ကျော်ကြားပြီး အောင်မြင်မှုတွေရရှိနေတဲ့ BLACKPINK အဖွဲ့ဝင်တွေမှာလည်း စိတ်ထိခိုက်စရာ အခိုက်အတန့်လေးတွေရှိခဲ့ဖူးကြောင်း ကိုယ်တိုင်ပြောပြခဲ့ဖူးပါတယ်။ ပြောပြခဲ့တဲ့ တစ်ချို့ကိစ္စတွေဆိုရင် ကိုယ်တိုင်ကြုံတွေ့ဖို့မဆိုနဲ့ ဖတ်မိရုံနဲ့တောင် စိတ်ထိခိုက်ရပါတယ်။ BLACKPINK တို့ ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်လေးတွေကတော့..
ဆွေမျိုးတွေဆီက အပယ်ခံတစ်ယောက်လို ဆက်ဆံခံရဖူးတဲ့ Jisoo
BLACKPINK ရဲ့ Jisoo ကတော့ မိန်းမဆန်ပြီး လှပချောမောတဲ့ရုပ်ရည်ကြောင့် နာမည်ကြီးသူလေးပါ။ ဒါပေမဲ့လည်း “BLACKPINK: Light Up the Sky” မှာတုန်း Jisoo လေးဟာ သူမကို အမျိုးတွေကအပယ်ခံတစ်ယောက်လို ဆက်ဆံခဲ့ဖူးကြောင်း ပြောပြခဲ့ပါတယ်။
Jisooလေး ငယ်ငယ်တုန်းက ရုပ်ဆိုးတယ်လို့ ကဲ့ရဲ့ခံခဲ့ရရုံသာမက အမျိုးတွေဟာ “monkey”(မျောက်မ) လို့တောင် ခေါ်ကြပါတယ်တဲ့။ Jisoo ဟာ ဒီလိုစိတ်ထိခိုက်မိတဲ့အချိန်လေးပြောပြတာကြောင့် အလှပြင်ပေးတဲ့သူဟာ နှစ်သိမ့်တဲ့အနေနဲ့ “အခုတော့ သိပ်ကိုလှတဲ့ကောင်မလေးဖြစ်နေပြီလေ” လို့ ပြန်ပြောလိုက်မှသာ Jisooလေး ပြုံးနိုင်ခဲ့ရှာပါတယ်။
သုံးနေတဲ့ Account လေး Hack ခံခဲ့ရတဲ့ Jennie
Jennie လေးကတော့ jennierubyjane နဲ့ lesyeuxdenini ဆိုတဲ့ Instagram Acoout ၂ခုကို သုံးပါတယ်။ lesyeuxdenini မှာတော့ July လနောက်ပိုင်းမှာ active မဖြစ်တော့ဘဲ မကြာသေးခင်ကမှ Jennie တင်ခဲ့တဲ့ Post တစ်ခုကြောင့် ဒီကိစ္စကို ဂဂဃဃသိခဲ့ကြရပါတယ်။
Hacker တွေဟာ ထို Account ကို hack ထားတာဖြစ်ပြီး ပြန်ရဖို့အတွက် အချိန်အတော်ကြာခဲ့ပါတယ်တဲ့။ Account လေးပြန်ရချိန်မှာတော့ Jennie လေးဟာ သူမရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို လေးစားဖို့အတွက် တောင်းဆိုခဲ့ရှာပါတယ်။ ဒီကြားထဲ Jennie လေး ဘယ်လောက်တောင် စိတ်ဒုက္ခရောက်နေလိမ့်မလဲ?
အဖွဲ့ဝင်တွေရဲ့ သည်းခံမှုတွေကြောင့် ဝမ်းနည်းခံစားခဲ့ရတဲ့ Rosé
“BLACKPINK Diaries” ရဲ့ အပိုင်းတစ်ပိုင်းမှာ Roséဟာ အဖွဲ့ဝင်တွေရဲ့ အခက်အခဲတွေကို သည်းခံပြီး ကြံကြံခံကာ ဖြတ်သန်းခဲ့ကြတဲ့အကြောင်းကို ပြန်ပြောရင်း မျက်ရည်ဝဲခဲ့ရှာပါတယ်။ “ငါတို့ ၄ယောက်စလုံး တကယ်ကို အကောင်းဆုံးကြိုးစားခဲ့ကြပါတယ်။ အဲ့အတွက်လည်း ဂုဏ်ယူရပါတယ်။
ငါတို့အတူ ဖြတ်ကျော်ခဲ့ရတဲ့အခက်အခဲတွေက အများကြီးရှိတယ်လေ။ ငါတို့တစ်ယောက်ချင်းစီမှာလည်း ကိုယ်တိုင်ရင်ဆိုင်ကျော်လွှားခဲ့ရတဲ့ အခိုက်အတန့်တွေအများကြီးပဲ။ အဲ့တာတွေကို သည်းခံပြီးကျော်လွှားနိုင်ခဲ့တဲ့ BLACKPINK အဖွဲ့သားတွေအတွက် အရမ်းဂုဏ်ယူမိပါတယ်” လို့ ပြောရင်း Rosé တစ်ယောက် မျက်ရည်ကျခဲ့ပါသေးတယ်။ Idol တွေ ဖြစ်လာဖို့အတွက် သူတို့မှာလည်း ပင်ပန်းခက်ခဲခဲ့တဲ့အချိန်တွေ ရှိခဲ့မှာပါပဲ။
Trainee ဘဝတုန်းက အိမ်လွမ်းဝေဒနာခံစားခဲ့ရတဲ့ Lisa
Trainee ဖြစ်လာဖို့ အသက်ငယ်ငယ်လေးနဲ့ ထိုင်းကနေ ကိုရီးယားကိုပြောင်းရွှေ့လာခဲ့ရသူ Lisa လေးဟာလည်း အစပိုင်းမှာ အလွန်ခက်ခဲပင်ပန်းခဲ့ကြောင်း ပြောခဲ့ပါတယ်။ အားပေးနှစ်သိမ့်မှုတွေလိုတိုင်း အိမ်ကိုဖုန်းခေါ်ပြီး ရင်ဖွင့်ခဲ့ရပါတယ်တဲ့။
ကိုရီးယားကိုရောက်ချိန်မှာပဲ အမေဆီကို ခဏခဏဖုန်းဆက်ရင်း ငိုကြောင်း Lisa လေးက ထုတ်ပြောပြခဲ့ပါတယ်။ အခုချိန်မှာတော့ BLACKPINK အဖွဲ့ဝင်တွေနဲ့အတူ ဖေးမကူညီရင်း နေ့ရက်တွေကို ဖြတ်သန်းနေပါပြီ။
Dorm Life ကို ပြောပြခဲ့တဲ့ BLACKPINK
YG ENTERTAINMENT ရဲ့ Trainee ဖြစ်တာမို့လို့ BLACKPINK ရဲ့ Dorm Life က မိုက်မယ်လို့ ထင်မိကြမှာပါ။ ဒါပေမဲ့လည်း Trainee ဘဝတုန်း အရမ်းကို ပင်ပန်းခဲ့ကြကြောင်း BLACKPINK က ပြောပြခဲ့ပါတယ်။ Jennie က “Trainee ဘဝတုန်းက ကျွန်မတို့တော်တော်ကို ရုန်းကန်ခဲ့ရတယ်။ စားဖို့သောက်ဖို့အတွက်ကောပေါ့။
အဲ့အချိန်တုန်းက ပိုက်ဆံလည်း သိပ်မရှိတော့ ကြက်ဥတွေနဲ့ စတော်ဘယ်ရီယိုတွေကိုပဲ များသောအားဖြင့် စားခဲ့ကြရပါတယ်။ တစ်နေ့မှာ အနည်းဆုံးတစ်ခါတော့ ကြက်ဥမွှေကြော်ကို ယိုသုတ်ပြီး စားခဲ့ရပါတယ်” ဆိုပြီး Dorm Life ကို ပြောပြခဲ့ရရှာပါတယ်။ Idol တစ်ယောက်ဖြစ်လာဖို့ မလွယ်ကူဘူးဆိုတဲ့အတိုင်း BLACKPINK အဖွဲ့လည်း စိတ်ထိခိုက်ပင်ပန်းခဲ့ရတဲ့နေ့ရက်တွေကို ကြိုးစားပြီးကြံကြံခံရင်း ဖြတ်သန်းခဲ့ရတာမို့လို့ ယခုလိုအောင်မြင်မှုတွေကိုရရှိနေတာပါ။
Source: Koreaboo
Photos: Credits
Written: Nay chi