နာမည်ကျော် Forbes Magazine ရဲ့ လူမှုကွန်ယက်လွှမ်းမိုးမှုအရှိဆုံ Asia-Pacific Top-100 စာရင်းဝင် “တောင်ကိုရီးယား” အနုပညာရှင်များ

Forbes Asia ကတော့ လူမှုကွန်ယက်တွေပေါ်မှာ ဩဇာအာဏာအပြည့်နဲ့ ပရိတ်သတ်အပေါ်လွှမ်းမိုးထားနိုင်တဲ့ အာရှပစိဖိတ်ဒေသမှာရှိတဲ့ အနုပညာနယ်ပယ်အသီးသီးက ကြယ်ပွင့်တွေကို စုစည်းပြီးတော့ 100 Digital Stars list ကိုပြုလုပ်ခဲ့ပါတယ်။ ဒီအနုပညာရှင်ကြယ်ပွင့်တွေဟာ facebook, Instagram, Twitter, Weibo အစရှိသဖြင့် များစွာသော လူမှုကွန်ယက်စာမျက်နှာတွေကနေတစ်ဆင့် follower တွေ သန်းနဲ့ချီအောင်ရရှိထားကြပြီး စင်ပေါ်တို့ ဖန်သားပြင်တို့မှာ ကျော်ကြားကြသလို online မှာပါ အရမ်းကိုအောင်မြင်ကျော်ကြားမှုတွေရရှိထားကြတာပါ။

နေရာဒေသအတော်များများက ပြည်သူလူ‌ထုတွေဟာ မိမိအိမ်မှာ သီးခြားစီနေထိုင်ပြီး အချိန်ကာလအတော်ကြာကျော်ဖြတ်နေကြရပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ဆက်ဆံပြောဆိုဖို့တွေ စိတ်အပန်းဖြေစေဖို့တွေအတွက်ကိုတော့ လူမှုကွန်ယက်တွေကိုသာ အဓိကထားသုံးစွဲနေကြရတာပါ။ ဒါကြောင့် ဒီစာရင်းမှာထည့်သွင်းတဲ့အခါ အပြင်မှာပြုလုပ်မယ့် အခမ်းအနားတွေပွဲတွေကို ဖျက်သိမ်းထားရပေမယ့် online လူမှုကွန်ယက်တွေကို အသုံးပြုပြီး ပရိတ်သတ်တွေနဲ့အဆက်အသွယ်မပြတ် လှုပ်ရှားမှုတွေပြုလုပ်နေတဲ့ အနုပညာရှင်တွေကို အဓိကထားပြီး လေ့လာခဲ့ပါတယ်။ များစွာသောအနုပညာရှင်တွေဟာ သူတို့ရဲ့ ပရိတ်သတ်အပေါ်လွှမ်းမိုးနိုင်မှုကိုအကူအညီယူပြီး Covid-19 နဲ့ပတ်သတ်တဲ့ သတိထားဆောင်ရန်ရှောင်ရန်တွေကို အသိပညာပေးရာမှာ တစ်တပ်တစ်အားပါဝင်ခဲ့ကြပါသေးတယ်။

ထိပ်ဆုံးအယောက်တစ်ရာကိုဆုံးဖြတ်ရာမှာတော့ Forbes Asia ဟာ လူမှုကွန်ယက်အသုံးပြုမှုကို အဓိကထားထည့်သွင်းစဉ်းစားခဲ့ပါတယ်။ လူမှုကွန်ယက်မှာ ရရှိတဲ့ reach, engagement တွေအပြင် သူတို့ရဲ့ လတ်တလောလှုပ်ရှားမှုတွေနဲ့ အကျိုးသက်ရောက်မှုတွေ၊ brand endorsements တွေ၊ စီးပွားရေးဆိုင်ရာမှာ ပါဝင်မှုတွေ၊ ထပ်ပြီးတော့ သူတို့ကို ပြည်တွင်း၊ ပြည်ပ သာမက ကမ္ဘာ့အဆင့်ထိ ပရိတ်သတ်ရဲ့ အသိအမှတ်ပြုမှုတွေအထိအားလုံးထည့်သွင်းဆုံးဖြတ်ခဲ့တာပါ။ လက်ရှိမှာ အနုပညာလှုပ်ရှားမှုပြုလုပ်နေသူတွေကိုသာ ကြည့်ရှုခဲ့တာဖြစ်ပါတယ်။ ပြီးတော့ စာရင်းမှာ ဖော်ပြသွားမှာကတော့ လူအများကသိထားကြတဲ့ အမည်၊ အဖွဲ့အမည်တွေနဲ့ ဖော်ပြသွားမှာပါ။
Forbes Asia ရဲ့ 100 Digital Stars list မှာ ပါဝင်လာတဲ့ တောင်ကိုရီးယား အနုပညာရှင်တွေကို ထုတ်နှုတ်ဖော်ပြပေးလိုက်ပါတယ်။

  • BLACKPINK

  • BTS

  • TWICE

  • Lee Min-ho

  • EXO

  • Red Velvet

  • Nam Joo-hyuk

  • SEVENTEEN

  • Hyuna

  • Lee Sung Kyung

  • Jackson Wang

  • Ji Chan Wook

  • Krystal Jung

  • IU

  • Lee Dong Wook

  • Kim So Hyun

  • Sunmi

  • Bae Suzy

  • Park Shin Hye

အပေါ်အောက်အစီအစဉ်ဟာ အဆင့်သတ်မှတ်ချက်အရစီစဉ်ထားတာမဟုတ်ပါဘူး။အဆင့်သတ်မှတ်ချက်တွေမပါဘဲ လူမှုကွန်ယက်မှာ လွှမ်းမိုးနိုင်မှုအများဆုံး အနုပညာရှင်တွေစာရင်းသာဖြစ်ပါတယ်။

Source: Forbes
Photos: Forbes
Written: Gyi Gyi