‘The Top 10 Actresses’ စာရင်းရဲ့ နေရာအသီးသီးကို အပိုင်သိမ်းထားတဲ့ ထိုင်းမင်းသမီးချော ၆ ဦး

‘The Top 10 Actresses’ စစ်တမ်းကို Dim Sum Entertainment မှပြုလုပ်ခဲ့ပြီး သရုပ်ဆောင်အရည်အချင်းတွေပြည့်နေတဲ့ ထိပ်တန်းမင်းသမီးတွေကိုရွေးချယ်ခဲ့ကြပါတယ်။ ဒီစာရင်းထဲမှာတော့ ထိုင်းမင်းသမီး ၆ ဦးက နေရာယူထားပါတယ်။

Bella Ranee

စာရင်းတွေရဲ့ ထိပ်ဆုံးနေရာကိုယူထားသူလေး Bella Ranee ကတော့ ဒီတစ်ခါမှာလည်း နံပါတ် ၁ နေရာကို ရရှိထားပါတယ်။ “Roy Leh Marnya” ဇာတ်လမ်းမှာ သူမရဲ့သရုပ်ဆောင်ချက်တွေကြောင့် ထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့တာပါ။ ထပ်မံပြီး ဒုတိယနေရာကိုလည်း “Buppesunnivas” ဇာတ်လမ်းတွဲနဲ့ သိမ်းပိုက်ခဲ့ပြန်ပါတယ်။

Mew Nittha

Mew Nittha ကတော့ “My Husband in Law” ထဲမှာ သူမရဲ့ချစ်စရာ​ကောင်းတဲ့သရုပ်ဆောင်ပုံလေးတွေကြောင့် နံပါတ် ၃ နေရာကို ရယူထားပါတယ်။ Mew ကလည်း ထိုင်းအနုပညာလောကရဲ့ ထိပ်တန်းမင်းသမီးဖြစ်တာမို့လို့ ဒီစာရင်းရဲ့ နံပါတ် ၃ နေရာကနေပါဝင်လာခဲ့တာ သံသယရှိစရာမလိုတဲ့ ကိစ္စပါပဲ။

Yaya Urassaya

သရုပ်​ဆောင်အရည်အသွေးအပြည့်နဲ့ ဘယ်ဇာတ်ကောင်ကိုမဆို အကောင်းဆုံးပုံဖော်နိုင်တဲ့ Yaya Urassaya လေးဟာ “The Crown Princess” ဇာတ်လမ်းတွဲနဲ့ နံပါတ် ၄ အဆင့်အပြင် နံပါတ် ၉ နေရာကိုလည်း “Brother of The Year” ဇာတ်ကားကြောင့် ထပ်မံသိမ်းပိုက်ခဲ့ပါတယ်။

Mai Davika

“My Ambulance: Ruk Chut Jai Nai Chuk Chern” ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေကိုဖမ်းစားထားခဲ့တဲ့ Mai Davika လေးကတော့ အဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။ အချစ်ဇာတ်လမ်းလေးကို ဟာသနှောပြီး ရိုက်ကူးခဲ့ပြီး နိုင်ငံတကာကလည်း အားပေးခဲ့ကြတဲ့သူတွေများခဲ့ပါတယ်။

Ice Preechaya

Ice Preechaya က​တော့ အဆင့် ၆ နေရာကို “Payakorn Sorn Ruk” ဇာတ်လမ်းထဲက သူမရဲ့ဇာတ်ကောင်ကြောင့် ရရှိခဲ့ပါတယ်။ Ice ကတော့ ဟာသ၊ Drama ဇာတ်လမ်းတွဲတွေမှာလည်း အပီပြင်ဆုံးသရုပ်ဆောင်နိုင်တဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။

Fern Nopjira

“Huajai Sila” ဇာတ်လမ်းနဲ့ ပရိသတ်တွေအများအပြားရရှိခဲ့တဲ့ Fern Nopjira ဟာ ဒီစာရင်းရဲ့ အဆင့် ၇ နေရာကို ရယူထားပါတယ်။ ဒီဇာတ်လမ်းတွဲထဲက Fern ရဲ့ သရုပ်ဆောင်ချက်တွေကို အားလုံးက နှစ်ခြိုက်ခဲ့ကြတာဖြစ်လို့ စာရင်းဝင်မင်းသမီးဖြစ်လာခဲ့ပါတယ်။

Source: ThaiUpdate
Photos: Credits
Written: Nay Chi

Share