‘Actresses of The Year’ မှာ နေရာယူဗိုလ်စွဲခဲ့တဲ့ ထိုင်းမင်းသမီး ၅ ယောက်ကတော့…

ဒီနှစ် ၂၀၂၀ အတွက် ‘Actresses of The Year’ ကို Thairath မှ ထုတ်ပြန်ပေးလိုက်ပါတယ်။ သရုပ်ဆောင်ကျွမ်းကျင်ပြီး နာမည်ကြီးမြောက်မြားစွာရှိတဲ့ ထိုင်းအနုပညာနယ်ပယ်မှာတော့ ၂၀၂၀ ခုနှစ်အတွင်း ထွက်ရှိသမျှ ဇာတ်လမ်းတွေထဲက အကောင်းဆုံးမင်းသမီးတွေ ထွက်ပေါ်လာခဲ့ပါပြီ။

1. Bella Ranee
၂၀၂၀ အတွင်းမှာ Bella Ranee ကတော့ “Roy Leh Marnya” နဲ့ “E-Riam Sing” ဆိုတဲ့ ဇာတ်လမ်းတွေထွက်ရှိခဲ့ပါတယ်။ သူမရဲ့အကောင်းဆုံးသရုပ်ဆောင်ချက်တွေကြောင့် ပရိသတ်တွေက နှစ်ခြိုက်သဘောကျခဲ့ရပြီး ယခုလို အဆင့် ၁ နေရာကို သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်ကတည်းက ပထမနေရာကိုသိမ်းပိုက်ခဲ့တဲ့ Bella ကတော့ ဒီနှစ်အတွက် ပထမနေရာကို 21.3 ရာခိုင်နှုန်းနဲ့ ရယူထားခဲ့တာပါ။

2. Mookda Narinrak
အဆင့် ၂ ကို သိမ်းပိုက်ထားတာကတော့ Mookda Narinrak ပါပဲ။ ဒုတိယအဆင့်ကို 18.9 ရာခိုင်နှုန်းနဲ့ ရယူထားတဲ့ Mookda ဟာ “So Wayree” ဇာတ်လမ်းတွဲမှာ အမိုက်စားသရုပ်ဆောင်ခဲ့တာကြောင့် ဒီနှစိအတွက်ထူးချွန်တဲ့မင်းသမီးအဖြစ် ရွေးချယ်ခံခဲ့ရတာပါ။

3. Taew Natapohn
ဒီစာရင်းမှာ တတိယနေရာကို သိမ်းပိိုက်ထားသူလေးကတော့ Taew Natapohn လေးပါပဲ။ 18.2 ရာခိုင်နှုန်းနဲ့ ထိပ်ဆုံးအဆင့်ကို သိမ်းပိုက်ခဲ့သူဖြစ်ပြီး ပရိသတ်တွေကတော့ သူမရဲ့ဇာတ်လမ်းတွေကို အားရပါးရစောင့်ကြည့်နေကြပါတယ်။

4. Aum Patchrapa
“Jark Sadtroo Soo Huajai” ဇာတ်လမ်းထဲက ပြောင်မြောက်တဲ့ဇာတ်​ကောင်ဖန်တီးမှုကြောင့်ပဲ ​Aum Patchrapa ဟာ အဆင့် ၄ နေရာကို 14.6 ရာခိုင်နှုန်းနဲ့ သိမ်းပိုက်ရယူခဲ့ပါတယ်။ Aum ကတော့ သရုပ်ဆောင်ကောင်းသူတစ်ယောက်ဖြစ်ကြောင်း ထိုင်းဇာတ်လမ်းချစ်ပရိသတ်ကြီးတိုင်း လက်ခံထားကြတာပါ။

5. Baifern Pimchanok
စာရင်းရဲ့အဆင့် ၅ နေရာမှာ ရပ်တည်နေတာကတော့ သရုပ်ဆောင်ကျွမ်းကျင်တဲ့ မင်းသမီးချောလေး Baifern Pimchanok ပါပဲ။ 8.7 ရာခိုင်နှုန်းနဲ့ ထိပ်ဆုံးနေရမှာရပ်တည်ထားသူလေးဖြစ်ပြီး Baifern ပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်လမ်းတွဲတွေထွက်လာဖို့ အများအပြားရှိပါသေးတယ်။

Source: ThaiUpdate
Photos: Credits
Written: Nay Chi

Share