Blackpink ရဲ့ ထိုင်းနိုင်ငံသူလေး Lisa ကို Instagram မှာ Following လုပ်ထားတဲ့ ထိုင်းမင်းသမီးများ

နာမည်ကြီးတောင်ကိုရီးယားအဆိုတော်အဖွဲ့ BLACKPINK ရဲ့ ထိုင်းနိုင်ငံသူလေး Lisa ကိုချစ်ခင်ကြတဲ့သူတွေများပါတယ်။ Lisa ဟာ အဆို၊ အက အဖက်ဖက်မှာပြည့်စုံနေတဲ့သူလေးဖြစ်တာကြောင့် ပရိသတ်တွေတင်မကဘဲ ထိုင်းသရုပ်ဆောင်မင်းသမီးတွေကပါ ချစ်ခင်အားပေးသူလေးပါပဲ။ Lisa ရဲ့ Official Instagram Account မှာ Following လုပ်ထားတဲ့ ထိုင်းမင်းသမီးချောတွေကိုဖော်ပြပေးလိုက်ပါတယ်။

Yaya Urassaya

ထိပ်နိုင်ငံရဲ့ထိပ်တန်းစာရင်းဝင် သရုပ်ဆောင်မိန်းမလှလေး Yaya ကတော့ Lisa ရဲ့ official Instagram Account မှာ Followed လုပ်ထားပါတယ်။ Yaya Urassaya ကတော့ Lisa နဲ့ Rosé တို့ရဲ့ အကြိုက်ဆုံး ထိုင်းသရုပ်ဆောင်မင်းသမီးလေးလည်းဖြစ်ပါတယ်။

Taew Natapohn

မင်းသမီးချော Taew Natapohn ကလည်း Instagram မှာ Lisa ကို Following လုပ်ထားခဲ့တာပါ။ သူမဟာ ထိုင်းနိုင်ငံမှာပြုလုပ်ခဲ့တဲ့ “World Tour Blackpink in Your Area Bangkok” မှာ Lisa နဲ့ တွေ့ဆုံခဲ့ဖူးပြီး ရင်းနှီးသွားခဲ့ကြပါတယ်။

Mew Nittha

Mew Nittha ဟာလည်း ထိုင်းမှာပြုလုပ်ခဲ့တဲ့ BLACKPINK ရဲ့ ပွဲမှာပဲ Lisa နဲ့ ဆုံဖူးတာဖြစ်ပါတယ်။ Taew Natapohn နဲ့အတူ စင်နောက်မှာ တွေ့ဆုံရင်းနှီးခဲ့ကြပြီး Instagram မှာ Following ပြုလုပ်ခဲ့တာပါ။ ဒီလိုမျိုး ထိုင်းမင်းသမီးတွေကတောင် ချစ်ခင်ရတဲ့ Lisa လေးကို Follow လုပ်ထားကြတဲ့ဘနောက်ထပ်မင်းသမီးတွေကတော့…

  • Chompoo Araya
  • Anne Thongprasom
  • Thisa Varitthisa
  • Ploy Chermarn

  • Preem Ranida
  • Aom Sushar
  • Pattie Ungsumalynn
  • Nune Woranuch

  • Aff Taksaorn
  • Cris Horwang
  • Mookda Narinrak
  • Poo Praya

  • Bua Nalinthip
  • Preaw Tussaneeya
  • Grace Kanklao
  • Namtarn Pichukkana

  • Mint Chalida
  • Toey Jarinporn
  • Mook Worranit
  • Bee Namthip

  • Chippy Sirin
  • Margie Rasri
  • Bow Maylada
  • Ice Preechaya

  • Kimmy Kimberley
  • Bella Ranee
  • Kao Supassara တို့ပဲဖြစ်ပါတယ်။

တောင်ကိုရီးယားမှာ အနုပညာအလုပ်တွေလုပ်နေတဲ့ ထိုင်းနိုင်ငံသူလေး Lisa ကို ထိုင်းမင်းသမီးတွေအနေနဲ့ စိတ်ဝင်စားပြီး ချစ်ခင်အားပေးနေကြတာ ကြည်နူးစရာကောင်းနေပါတော့တယ်။

Source: ThaiUpdate
Photos: ThaiUpdate
Written: Nay Chi

Share