Lisa ကို သဘောကျရတဲ့အကြောင်းကိုပြောပြလာတဲ့ Fanboy လေး Pon Nawasch

Pon Nawasch က Thai TV3 ရဲ့ ရုပ်ရည်ခန့်ညားချောမောပြီး နာမည်ရနေတဲ့ တက်သစ်စမင်းသားတစ်လက်ပါ။ Pon ဟာ BLACKPINK ရဲ့ Biggest Fanboy တစ်ယောက်ဖြစ်ကြောင်း “3 Zaap” TV Show မှာ ပြောပြခဲ့ဖူးပါတယ်။ အထူးသဖြင့်တော့ Lisa လေးကို ပိုပြီးသဘောကျကြောင်း အစီအစဥ်မှာပဲ ပြောခဲ့တာပါ။

သူ့ရဲ့အစ်ကိုက BLACKPINK သီချင်းတွေကို ဖွင့်ပြခဲ့ပြီးနောက် Pon တစ်​ယောက် BLACKPINK ရဲ့ Fanboy လေးဖြစ်လာပါတော့တယ်။ Pon ကတော့ Lisa ရဲ့ ချစ်စရာကောင်းတဲ့ပုံစံလေးကို သဘောကျသွားတယ်လို့ ဆိုပါတယ်။

Instagram မှာလည်း Following လုပ်ထားတဲ့အပြင် ပရိသတ်တွေနဲ့ “မေးလိုရာမေး” ကစားနည်းဆော့တုန်းကလည်း Lisa နဲ့ပတ်သက်ပြီး ပရိသတ်တွေရဲ့မေးခွန်းကို ဖြေပေးခဲ့တာပါ။ Pon ရဲ့ပရိသတ်တစ်ယောက်က “Lisa ကို ဘာလို့ သဘောကျတာလဲ?” ဆိုပြီးမေးခဲ့တဲ့အခါမှာတော့ Pon က “ဘာလို့လဲ ဆိုတဲ့မေးခွန်းအတွက် အဖြေမရှိပါဘူး။

သူ့အလိုလိုသဘောကျပြီးနှစ်သက်သွားတာမို့လို့ အကြောင်းပြချက်တောင် မရှိပါဘူးဗျာ” ဆိုပြီး Fanboy ပီသစွာ ချစ်စရာကောင်းအောင် ပြန်ဖြေပေးခဲ့တာပါ။ BLACKPINK ရဲ့ တစ်ဦးတည်းသော ထိုင်းနိုင်ငံသူလေးဖြစ်သူ Lisa ကတော့ အဆိုအပြင် အကပိုင်းမှာလည်း အမိုက်စားကပြနိုင်သူဖြစ်တာကြောင့် နိုင်ငံအနှံ့မှာ နာမည်ကြီးပါတယ်။

ထိုင်းမင်းသားချော Pon ကလည်း Lisa လေးရဲ့ အမာခံပရိသတ်ဖြစ်ပြီး တကယ်လို့ Lisa ကိုသာ အပြင်မှာတွေ့ရင် စကားပြောမထွက်တဲ့အထိ အံသြသွားနိုင်တဲ့အကြောင်း ပွင့်ပွင့်လင်းလင်းပြောပြထားသူဖြစ်တာကြောင့် Biggest Fanboy အနေနဲ့ အလွန်ကို ချစ်ဖို့ကောင်းနေပါတော့တယ်။

Source: ThaiUpdate
Photos: Credits
Written: Nay Chi

Share