၂၀၂၀ ခုနှစ်ဟာ ကပ်ရောဂါကြောင့် တကမ္ဘာလုံး အိမ်တွင်းပုန်းခဲ့ရတဲ့ နှစ်ဖြစ်ပါတယ်။ ဒါကြောင့်လည်း ပရိသတ်တွေဟာ ထွက်သမျှဇာတ်လမ်းတိုင်းကို မလွတ်တမ်းကြည့်နိုင်ကြတာဖြစ်လို့ လူကြိုက်များရေပန်းစားခဲ့တဲ့ အနုပညာရှင်တွေ ပေါ်ထွက်လာပါပြီ။ INN News ရဲ့ ဖော်ပြချက်အရ ၂၀၂၀ အတွက် လူသိများတဲ့ ထိုင်းသရုပ်ဆောင် ၅ယောက်ကတော့…
Mark Prin
၂၀၂၀ ကတော့ Mark Prin အတွက် ရွှေခေတ်လို့ ဆိုရပါမယ်။ Mark ရိုက်ကူးခဲ့တဲ့ “My Husband in Law” နဲ့ “My Forever Sunshine” ဟာ ပရိသတ်ကြားမှ အထူးတလည် နာမည်ကြီးခဲ့တဲ့ ဇာတ်လမ်း ၂ ခုဖြစ်ခဲ့တာကြောင့် Mark ရဲ့နာမည်ဟာ လူတော်တော်များများရဲ့ပါးစပ်ဖျားမှာ စွဲသွားပါတော့တယ်။
Pope Thanawat
Pope Thanawat ကတော့ သူနဲ့အလိုက်ဖက်ဆုံးတွဲဖက်သရုပ်ဆောင် Bella Ranee နဲ့အတူ အချစ်ဇာတ်လမ်း “Roy Leh Marnya” ကို ရိုက်ကူးခဲ့တာပါ။ ထုတ်လွှင့်ပြသပြီးနောက် ပရိသတ်တွေဆီက ချီးကျူးစကားသံတွေရရှိခဲ့ပြီး Pope ဟာလည်း နိုင်ငံအနှံ့က အားပေးသူတွေ တိုးပွားလာခဲ့ပါတယ်။
Tor Thanapob
နာမည်ကြီးတက်သစ်စမင်းသားချော Tor Thanapob ကတော့ ပရိသတ်ကြားမှာလည်း ရေပန်းအစားဆုံးမင်းသားတစ်လက် ဖြစ်ပါတယ်။ စီနီယာ မင်းသမီးချော Aff Taksaorn နဲ့အတူ “Kor Kerd Mai Klai Klai Ter” ဇာတ်လမ်းကို ပထမဆုံးအကြိမ် အတူတူရိုက်ကူးခဲ့ပြီး ပရိသတ်တွေရဲ့အားပေးမှုကို အကြီးအကျယ်ရရှိခဲ့ပါတော့တယ်။
Aff Taksaorn
“Kor Kerd Mai Klai Klai Ter” နဲ့ ရုပ်ရှင်လောကထဲပြန်လည်ဝင်ရောက်လာခဲ့သူ Aff Taksaorn ကတော့ အရင်အတိုင်းပဲ သူမရဲ့နာမည်ကြီးမှုကို ထိန်းသိမ်းထားနိုင်ဆဲဖြစ်ပါတယ်။ သူမရဲ့ ဂျူနီယာ Tor Thanapob နဲ့အတူ အကောင်းဆုံးသရုပ်ဆောင်ချက်တွေပြသနိုင်ခဲ့တာကြောင့် စာရင်းဝင်မင်းသမီး ဖြစ်လာခဲ့တာပါ။
Bella Ranee
ဘယ်စာရင်းမှာမဆို ထိပ်တန်းမင်းသမီး Bella Ranee က မပါမဖြစ်ပါပဲ။ ၂၀၂၀ ကတော့ Bella လေးရဲ့ ရွှေခေတ်ဖြစ်ပြီး “Roy Leh Marnya” ဇာတ်လမ်းအပြင် လူကြိုက်များခဲ့တဲ့ “E-Riam Sing” ဇာတ်ကားကိုပါ ရိုက်ကူးခဲ့ပါတယ်။ Bella လေးရဲ့ ကျွမ်းကျင်တဲ့သရုပ်ဆောင်ပညာကြောင့်ပဲ စစ်တမ်းတိုင်းမှာ ထိပ်ဆုံးနေရာကို ယူထားနိုင်ပါတယ်။
Source: ThaiUpdate
Photos: ThaiUpdate
Written: Nay Chi