ဇာတ်လမ်းစုံတွဲတွေအဖြစ် ပရိသတ်တွေမြင်ချင်နေတဲ့ TV3 မင်းသားများနဲ့ အလွတ်တန်းမင်းသမီးများ

ပရိသတ်တွေကတော့ Thai TV3 က နာမည်ကြီးမင်းသားချောတွေနဲ့အတူ သရုပ်​ဆောင်ကောင်းတဲ့အလွတ်တန်းမင်းသမီးတွေကို ဇာတ်လမ်းတစ်ခုတည်းမှာ အတူတူမြင်တွေ့ချင်နေကြပါတယ်။ ပြောဆိုချက်တွေအရ ဒီအတွဲတွေကို ဇာတ်လမ်းတစ်ခုတည်းမှာ အတူတူရိုက်ကူးရင် အလွန်ကောင်းမွန်သွားမယ်လို့ ဆိုကြပါတယ်။

Pope Thanawat & Min Pechaya

သိပ်မကြာသေးခင်က Min Pechaya ဟာ Thai Channel 7 နဲ့ စာချုပ်သက်တမ်းကုန်ဆုံးသွားခဲ့ပြီးနောက် အလွတ်တန်းမင်းသမီးတစ်​ယောက်အဖြစ် ခြေဆန့်ခဲ့ပါတယ်။ Thai TV3 အတွက် ပထမဆုံးအကြိမ်အဖြစ် Broadcast Thai Television မှာ အလုပ်လုပ်ပေးမဲ့အကြောင်း သိတာနဲ့တပြိုင်နက် ပရိသတ်တွေဟာ Min ကို Pope Thanawat နဲ့အတူ ဇာတ်လမ်းတစ်ခုတည်းမှာ အတူတူတူပါဝင်ရိုက်ကူးကြဖို့ မျှော်လင့်နေကြပါတယ်။

James Jirayu & Baifern Pimchanok

James Jirayu နဲ့ Baifern Pimchanok ဟာ ကြော်ငြာရိုက်ကူးမှုတွေအတွက် အတူတူလုပ်ကိုင်နေကြတဲ့ အနုပညာမောင်နှမပါ။ ချောမောပြေပြစ်ပြီး ဇာတ်ရုပ်တိုင်းကို အပြောင်မြောက်ဆုံးသရုပ်ဆောင်နိုင်ကြတဲ့သူတွေဖြစ်ပြီး နှစ်ယောက်သားကို တွေ့လိုက်ရရင်လည်း အတွဲညီပြီး လိုက်ဖက်နေတာကြောင့် ဇာတ်လမ်းသစ်ကိုသာ အတူတူရိုက်ကူးလိုက်ရင် ကြည့်ရကျိုးနပ်မယ်ဆိုပြီး ပရိသတ်တွေကတော့ အားပေးအားမြှောက်ပြုနေကြပါတော့တယ်။

Boy Pakorn & Pim Pimprapa

Boy Pakorn ကတော့ Thai TV3 ရဲ့ ထိပ်တန်းမင်းသားတစ်ယောက်ဖြစ်သလို Pim Pimprapa ကလည်း သရုပ်ဆောင်တဲ့နေရာမှာ ဆရာကျသူပါပဲ။ ဒါကြောင့်မို့လို့ ပုံစံကြည့်လိုက်တာနဲ့ လိုက်ဖက်နေတဲ့ Boy နဲ့ Pim သာ ဇာတ်လမ်းအတူတူရိုက်ကူးလိုက်ရင်တော့ ပရိသတ်တွေရဲ့မျှော်လင့်ချက်တွေ ပြည့်ဝသွားမှာလည်း ဖြစ်ပါတော့တယ်။

Source: ThaiUpdate
Photos: Pinterest
Written: Nay Chi

Share