ပြန်လည်ရိုက်ကူးထားတဲ့ Remake ဇာတ်လမ်းတွဲတွေကို ရိုက်ကူးလေ့ရှိတဲ့ ထိုင်းမင်းသမီး ၄ ယောက်

ထိုင်းဇာတ်လမ်းတွဲတွေဟာ ပရိသတ်ကြားမှာထိုးဖောက်ဝင်ရောက်လာပြီးတဲ့နောက် အသစ်ပြန်လည်ဖန်တီးထားတဲ့ Remake Version တွေပါ ရိုက်ကူးလာပါတယ်။ ဒီလိုပြန်လည်ရိုက်ကူးတဲ့ဇာတ်လမ်းတွေကို ဖော်ပြမဲ့မင်းသမီး ၄ ယောက်ကတော့ လက်ခံရိုက်ကူးလေ့ရှိပါတယ်။

Now Tisanart

Now Tisanart ကတော့ သူမရဲ့သရုပ်ဆောင်စွမ်းရည်တွေကို remake ဇာတ်လမ်းတွဲ ၁၀ ခုတိတိမှာ ပြသခဲ့တာပါ။ မူရင်းအရသာလည်း ပျက်မသွားအောင် အကောင်းဆုံးရိုက်ကူးနိုင်တဲ့မင်းသမီးတစ်ယောက်ဖြစ်ပြီး မကြာခင်မှာပဲ သူမရိုက်ကူးထားတဲ့ “Wong Wien Huajai” ဇာတ်လမ်းတွဲကို Thai channel 7 မှာ ထုတ်လွှင့်ပြသတော့မှာဖြစ်ပါတယ်။ ဒါ့အပြင် နောက်ထပ် drama remake ဖြစ်တဲ့ “Mae Bia” မှာလည်း အဓိကဇာတ်လိုက်အဖြစ် ပါဝင်ရိုက်ကူးထားပြီး ရိုက်ကူးရေးကတော့ ပြီးစီးသွားပြီဖြစ်ပါတယ််။

Vill Wannarot

ဖော်ပြချက်တွေအရ မင်းသမီးချော Vill Wannarot ဟာ နာမည်ကြီး drama remake တွေ ဖြစ်ကြတဲ့ “Kaew Lorm Petch”, “Sud Sai Pan”, “Tae Pang Korn”အပါအဝင် ဇာတ်လမ်းတွဲ စုစုပေါင်း ၈ ခုတိတိ ရိုက်ကူးထားပါတယ်။ သူမရဲ့ အသစ်ထပ်မံရိုက်ကူးထားတဲ့ “Frog Prince” Remake ဇာတ်လမ်းကတော့ ONE 31 မှာ ထုတ်လွှင့်ပြသနေပါပြီ။

Aom Sushar

Remake Version တွေကို ရိုက်ကူးလေ့ရှိတဲ့မင်းသမီးတွေထဲမှာ Aom Sushar ကလည်း မပါမဖြစ်ပါပဲ။သူမလည်းပဲ ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲ ၈ ကားမှာ ပါဝင်ရိုက်ကူးထားသူဖြစ်ပြီး နောက်ထပ်ဖန်တီးမှုအဖြစ် “Boss & Me” နဲ့ “Irresistable” Remake Drama တွေကတော့ ဒီနှစ် ၂၀၂၁ ထဲမှာပဲ ထွက်လာတော့မှာဖြစ်ပါတယ်။

Kimmy Kimberley

နာမည်ကြီးမင်းသမီးလေး Kimmy Kimberley ကလည်း Remak version တွေကို အကောင်းဆုံးရိုက်ကူးနိုင်သူဖြစ်ပါတယ်။ Kimmy ရဲ့ Remake ဇာတ်လမ်းသစ် “Song Sanaeha” ကိုလည်း Thai TV3 မှာ မကြာခင်အတွင်း ပြသနိုင်ဖို့ စီစဥ်နေပါတယ်။

Kimmy ရိုက်ကူးခဲ့တဲ့ Remake Drama တွေကတော့ “Dung Duang Haruetai”, “Kom Faek”, “Buang Hong”, Piang Chai Kon Nee Mai Chai Poo Wised”, “Panyachon Kon Krua” နဲ့ “3 Noom Nuer Thong” တို့ဖြစ်ပြီး သူမရဲ့ ကျွမ်းကျင်ပိုင်နိုင်တဲ့ သရုပ်ဆောင်ချက်တွေကို မြင်တွေ့ရမှာပါ။

Source: ThaiUpdate
Photos: ThaiUpdate
Written: Nay Chi

Share