Hidden Camera Attack ရဲ့ သားကောင်ဖြစ်ခဲ့ရတဲ့ MOMOLAND Nancy

MOMOLAND ရဲ့ Nancy ကတော့ Hidden camera ရဲ့ သားကောင်ဖြစ်လာရပါပီ။ ပရိသတ်ကိုပိုပြီး စိတ်ဆိုးဒေါသဖြစ်​စေတာကတော့ ကျူးလွန်သူဟာ သူမတို့ အေဂျင်စီရဲ့ ဝန်ထမ်းတစ်ယောက်ပါပဲ။ MLD Entertainment ကတော့ ထွက်ပေါ်လာတဲ့ဓာတ်ပုံတွေဟာ photoshop ပြုလုပ်ထားတယ်လို့ ပြောထားပါတယ်။

မကြာသေးခင်က Nancy ရဲ့ ပုံတွေကိုခိုးယူရိုက်ကူးပြီး photoshopပြုလုပ်ထားတဲ့ ဓာတ်ပုံတွေ လူမှုကွန်ယက်မှာ ပျံ့နှံ့လာခဲ့ပါတယ်။ ဒီဓာတ်ပုံတွေကိုတော့ Nancy ရဲ့ agency ဖြစ်တဲ့ MLD Entertainment ရဲ့ဝန်ထမ်းတစ်ယောက်က 2019 Asia Artist Awards မှာ Nancy အဝတ်လဲနေတဲ့အချိန် ခိုးယူရိုက်ကူးထားခဲ့တာဖြစ်ပါတယ်။

အဲ့ဒီဝန်ထမ်းဟာ ယခုထိ agency ရဲ့ တရားဝင်ဝန်ထမ်းအဖုစ်ရှိနေသေးလားဆိုတာ အတိအကျမသိရသေးပါဘူး။ 15 လကြာပြီးတဲ့အခါမှာ ဓာတ်ပုံတွေဟာ အဖွဲ့ဝင် 500 ကျော်လောက်ရှိတဲ့ discord server တစ်ခုကနေစတင်ဖြန့်ဝေခဲ့ကြတာဖြစ်ပြီး အဲ့ဒီကမှတစ်ဆင့် လူမှုကွန်ယက်မှာပြန့်နှံ့လာတာဖြစ်ပါတယ်။

MLD Entertainment ကတော့ ဒီကိစ္စနဲ့ပတ်သတ်ပြီး ဓာတ်ပုံရိုက်ကူးသူရော ဖြန့်ဝေသူများကိုပါ တရားဥပဒေအရထိရောက်စွာအရေးယူသွားမယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ “MLD Entertainment ဖြစ်ပါတယ်။ မကြာသေးခင်က ကျွန်တော်တို့ agency ရဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ Nancy ကိုတရားမဝင်ရိုက်ကူးပြီးပြုပြင်ထားတဲ့ ဓာတ်ပုံတွေ လူမှုကွန်ယက်ကနေတစ်ဆင့်ပျံ့နှံ့နေခဲ့ပါတယ်။

Nancy ဟာ ဒီ photoshop လုပ်ထားတဲ့ hidden camera picture တွေရဲ့ နစ်နာသူတစ်ယောက်ဖြစ်ပါတယ်။ အခုအဓိက ဦးစားပေးကာကွယ်ပေးသွားရမယ့်သူက Nancy ဖြစ်ပါတယ်။ ဒါကြောင့် အားလုံးပူးပေါင်းဆောင်ရွက်ပေးကြပါ။ ကျွန်တော်တို့ဘက်က ခိုးယူရိုက်ကူးသူနဲ့ စတင်ဖြန့်ဝေသူတွေကို ရဲဌာနနဲ့ တရားဥပဒေရေးရာတို့နဲ့ပူးပေါင်းပြီး ထိရောက်စွာအရေးယူသွားမယ့်အကြောင်း အသိပေးအပ်ပါတယ်။

Nancy ကတော့ ယခုလက်ရှိမှာ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုကို ကြီးကြီးမားခံစားနေရတဲ့အတွက် ကျွန်တော်တို့ရဲ့အနုပညာရှင်နဲ့ပတ်သတ်တဲ့ ထိခိုက်စေမယ့် မကောင်းတဲ့ post တွေထပ်မံမတင်ကြဖို့ အနူးအညွတ်တောင်းဆိုပါတယ်။

ကျွန်တော်တို့ဘက်ကတော့ ကိုယ့်ရဲ့အနုပညာရှင်တွေကို ကာကွယ်ပေးနိုင်ဖို့ ကောင်းဆုံးဆက်လက်ကြိုးစားသွားမယ်လို့ကတိပေးပါတယ်။ ကျွန်တော်တို့အနုပညာရှင်တွေကို အမြဲတမ်းချစ်ခင်အားပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့အကောင်းဆုံးကြိုးစားကာကွယ်သွားပါမယ်” ဆိုပြီး ထုတ်ပြန်ကြေညာခဲ့ပါတယ်။

Asia Artist Awards ရဲ့ပွဲကျင်းပရေးကော်မတီကလည်း နစ်နာသူဖြစ်တဲ့ Nancy ကိုအနူးအညွတ်တောင်းပန်ကြောင်းနဲ့ တရားခံရှာဖွေဖော်ထုတ်ဖို့အတွက်လည်း ဗီယက်နမ်နဲ့ ကိုရီးယားဥပဒေရေးရာတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး လူမှုကွန်ယက်မှာပျံ့နှံ့နေတဲ့ ကိစ္စတွေနဲ့ပတ်သတ်ပြီး MLD Entertainment နဲ့ပူးပေါင်းဆောင်ရွက်သွားမယ်လို့ထုတ်ပြန်ကြေညာခဲ့ပါတယ်။

Source: Koreaboo
Photo: Naver
Written: Gyi Gyi

Share