၂၀၂၀ အတွက် ကမ္ဘာ့အလှဆုံးမိန်းမချောလေးတွေအဖြစ် ရွေးချယ်ခံခဲ့ရသော တရုတ်အနုပညာရှင် အမျိုးသမီးများ

ပရိသတ်ကြားမှာ လူသိများတဲ့ King Choice Website ကတော့ ၂၀၂၀ နှစ်ကုန်ခါနီး December 21 ရက်နေ့မှာပဲ တကမ္ဘာလုံးဆိုင်ရာ voting တစ်ခုပြုလုပ်ခဲ့ပါတယ်။ “The 100 Most Beautiful Women in the World 2020” ကိုတော့ ပရိသတ်ပေါင်းများစွာ ပါဝင်မဲပေးလို့ရပြီး ၁ နာရီခြား တစ်ခါ မဲပေးလို့ရပါတယ်။ တစ်ခါပေးတဲ့ မဲ ၁၅ ခုတိတိ ပေးလို့ရတာဖြစ်လို့ အားပေးသူတွေဟာ ကိုယ်ချစ်တဲ့အနုပညာရှင်တွေ ပါဝင်ပြီး ထိပ်ဆုံးမှာရပ်တည်နိုင်ဖို့ အားကြိုးမာန်တက်နဲ့ မဲပေးခဲ့ကြတာပါ။

စာရင်းဝင် အ​ယောက် ၁၀၀ ဟာ နိုင်ငံပေါင်းများစွာက နာမည်ကျော်မိန်းမလှ​လေးတွေဖြစ်ပြီး ၂၀၂၁ January 10 ရက်နေ့မှာပဲ ရလဒ်တွေထွက်ပေါ်လာခဲ့ပါပြီ။ ကမ္ဘာ့အလှပဆုံးအမျိုးသမီး အယောက် ၁၀၀ ထဲမှာ တရုတ်နိုင်ငံသူလေး ၈ ဦး ပါဝင်လာခဲ့ပါတယ်။ ထိုသူတို့ကတော့…

  • 18. Tzuyu

  • 19. Dilireba

  • 20. Zheng Shuang

  • 21. Liu Yifei

  • 27. Angelababy

  • 71. Wu Jinyan

  • 75. Ni Ni

  • 94. Elane Zhong တို့ပဲ ဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာတော့ ချောမောပြီး နာမည်ကျော်ကြားနေတဲ့ အလှပဂေးလေးတွေ အများအပြားရှိတဲ့အနက် “The 100 Most Beautiful Women in the World 2020” မှာ ပါဝင်လာဝင်လာခဲ့တဲ့ အချောလေးတွေကို ဂုဏ်ပြုလိုက်ပါတယ်။

Source: kingchoice
Photos: kingchoice
Written: Nay Chi

Share