ဇန်နဝါရီ ၁၂ရက်နေ့တုန်းက Lee Dong Wook ဟာ Instagram မှာ ပုံ အချို့တင်ခဲ့ပါတယ်။ အဲ့ဒီပုံတွေဟာ Coffee ကားရှေ့မှာ ရိုက်ထားတဲ့ ပုံတွေဖြစ်ပြီး “ကျေးဇူးပါ Ppo.ငါ့အကြိုက်ကိုကောင်းကောင်းသိတာပဲ ဆိုတဲ့ စာသားနဲ့ မျှဝေခဲ့ပါတယ်။
ကော်ဖီကားရဲ့ Banner မှာလည်း “အိုပါး ဒါလေးသောက်ပြီး အားမွေးပါနော်။ Single in Seoul တစ်ဖွဲ့သားလုံး အန္တရာယ်ကင်းကင်းနဲ့ ရိုက်ကူးပါ။အားပေးနေပါတယ်။ Jo Bo Ah “ဆိုပြီးရေးထားပါတယ်။ Lee dong wook ဟာ Single in seoul ဒရမ်မာ အတွက်ရိုက်ကူးရေးလုပ်နေတာ ဖြစ်ပါတယ်။
ကော်ဖီကားလေးမှာလဲ “အကို Dong Wook က တခါတလေ ဒေါသထွက်တတ်ပြီးတော့ ညည်းညူတတ်ပါတယ် ပြီးတော့ ထူးထူးဆန်းဆန်းတွေလည်း ပြောတတ်သေးတယ်။ အဲ့တာက သူက တခြားသူကို အရမ်းရင်ယနှီးပြီး အရမ်းဂရုစိုက်တတ်လို့ ဖြစ်သွားတာပါ။ သူ့ကိုဗွေမယူကြပါနဲ့။
ဒါမျိုး ၁၀ခါမက ကြုံပြီးသွားပြီဆို သူနဲ့ တကယ်ရင်းနှီးသွားတယ်လို့တောင်ပြောလို့ရပါတယ်။” လို့ရေးထားပါတယ်။ ပုံရဲ့ Commentမှာလည်း Jo Bo ah က အားတင်ထားပါ Young Ho ( ကာရိုက်တာ နာမည်) လို့လည်း မှတ်ချက်ပေးထားပါသေးတယ်။
Dong Wook နဲ့ Bo Ah တို့က Tale of the Nine Talied မှာ တွဲဖက် သရုပ်ဆောင်ကတည်းက အရမ်းရင်းနှီးသွားကြတာပါ။ ဒရမ်မာထဲမှာလည်း အပေးအယူမျှကြပြီး ဒရမ်မာပြီးတော့လည်း အရမ်းရင်းနှီးတဲ့ ဆက်ဆံရေးကို ပိုင်ဆိုင်ထားကြတာဖြစ်ပါတယ်။
Source :soompi
Photo Lee dong wook ig,1st look
Written:zunepwint