CJ ENM နဲ့ စာချုပ်သက်တမ်းတိုးဖို့ ပြင်ဆင်နေကြတဲ့ IZ*ONE အဖွဲ့ဝင်များ

ဇန်နဝါရီလ ၁၂ ရက်နေ့မှာ သတင်းဌာနတစ်ခုရဲ့ သတင်းထုတ်ပြန်ချက်အရ IZ*ONE အဖွဲ့ဝင်များရဲ့ သက်ဆိုင်ရာ အေဂျင်စီအသီးသီးနဲ့ CJ ENM မှ တာဝန်ရှိသူများဟာ စာချုပ်သက်တမ်းတိုးဖို့အတွက် တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

သို့ပေမဲ့ IZ*ONE အဖွဲ့ဝင်အားလုံးကို ဆိုလိုတာ မဟုတ်ပဲ အဖွဲ့ဝင်အချို့ကို ဆိုလိုခြင်းဖြစ်တယ်လို့လည်း ထိုသတင်းဌာနက ရေးသားထားပါတယ်။ အချို့သော အဖွဲ့ဝင်တွေရဲ့ အေဂျင်စီတွေနဲ့ CJ ENM ဟာ ယခင်နှစ် အောက်တိုဘာလတည်းက စာချုပ်သက်တမ်းတိုးဖို့ တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ထို့အပြင် အနုပညာလောကထဲက အတွင်းလူတစ်ဦးက IZ*ONE ရဲ့ တရားဝင်စာချုပ်ဟာ ဧပြီလမှာ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပေမဲ့ Produce 101 ရဲ့ ထုတ်လုပ်သူနဲ့ ဝန်ထမ်းအချို့ဟာ မဲလိမ်မှုကြောင့် တရားရင်ဆိုင်ခဲ့ရတာတွေဖြစ်ခဲ့ပြီး IZ*ONE အဖွဲ့ဝင်တွေ လက်ရှိနေနေတဲ့ အဆောင်ဌားရမ်းထားတဲ့ စာချုပ်သက်တမ်းဟာလည်း ၂၀၂၀ နှစ်ကုန်မှာ သက်တမ်းပြည့်မှာဖြစ်တာကြောင့် အဖွဲ့လိုက် လှုပ်ရှားမှုတွေကို ၂၀၂၀ နှစ်ကုန်မှာ တိုးတိုးတိတ်တိတ် အဆုံးသတ်ဖို့ ရည်ရွယ်ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

IZ*ONE အဖွဲ့ရဲ့ လက်ရှိ အေဂျင်စီ Off The Record ကတော့ ဒီသတင်းနဲ့ ပတ်သက်ပြီး အချို့သော အဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့ အေဂျင်စီတွေဟာ CJ ENM နဲ့ စာချုပ်သက်တမ်းတိုးဖို့ကို စဉ်းစားနေကြပြီး အချို့ကတော့ သက်တမ်းမတိုးချင်တဲ့ အနေအထားမှာ ရှိပါတယ်။

IZ*ONE အဖွဲ့ကတော့ ယခင်က စီစဉ်ထားတဲ့အတိုင်း ဧပြီလအထိ အဖွဲ့လိုက် လှုပ်ရှားမှုတွေ ဆက်ပြီး ပြုလုပ်သွားမှာဖြစ်ပါတယ်။ စာချုပ်သက်တမ်းတိုးဖို့ကတော့ ယခု ဒီအခြေအနေမှာ ပါဝင်ပတ်သက်နေတဲ့ လူအားလုံးရဲ့ သဘောထားနဲ့ အကြံဉာဏ်တွေကို ထည့်သွင်းစဉ်းစားသွားမှာဖြစ်ပြီး အပြောင်းအလဲရှိခဲ့ရင် ထပ်ပြီး ပြောကြားသွားပါမယ်လို့ ပြောခဲ့ပါတယ်။

CJ ENM အနေနဲ့ စာချုပ်သက်တမ်း မတိုးချင်တော့တဲ့ အဖွဲ့ဝင်တွေရဲ့ အေဂျင်စီတွေကို သဘောထားကြီးကြီးနဲ့ နားလည်လက်ခံပေးလိမ့်မယ်လို့ မျှော်လင့်ရပြီး အကယ်လို့ အဖွဲ့ဝင်အားလုံး စာချုပ်သက်တမ်းတိုးခဲ့မယ်ဆိုရင်တော့ Produce က မွေးထုတ်လိုက်တဲ့ project အဖွဲ့တွေထဲ သက်တမ်းအကြာဆုံးအဖွဲ့အဖြစ် စံချိန်တင်နိုင်မှာ ဖြစ်ပါတယ်။

Source : Allkpop
Photo : Pinterest
Written : ZL

Share