Song Weilong နဲ့ Zhou Dongyu တို့ပါဝင်မယ့် Burberry ရဲ့နှစ်သစ်ကူးဂုဏ်ပြုရုပ်ရှင်

ဇန်နဝါရီလ(၁၂)ရက်နေ့မှာ Burberry Brand ကနေရိုက်ကူးတဲ့ “心春由你” (A New Awakening) လို့အမည်ရတဲ့အသေးစားရုင်ရှင်ကိုစတင်ရိုက်ကူးခဲ့ပါတယ်။ မကြာခင်ရောက်ရှိလာတော့မယ့်တရုတ်နှစ်ကူးကိုဂုဏ်ပြုတဲ့အနေနဲ့ရိုက်ကူးတာဖြစ်တယ်လို့သိရပါတယ်။

ဒီရုပ်ရှင်ထဲမှာတော့ Burberry ရဲ့ brand ambassador ဖြစ်တဲ့မင်းသားချော Song Weilong နဲ့အတူ Burberry ရဲ့brand spokesperson ဖြစ်တဲ့ Zhou Dongyu တို့ပါဝင်ပါတယ်။ သဘာဝတရားကိုအခြေခံပြီး Brand ရဲ့အမှတ်တံဆိပ်ကိုပေါ်လွင်အောင်ရိုက်ကူးတင်ပြမှာဖြစ်ပြီး ဇန်နဝါရီလ(၁၈)ရက်နေ့မှာထုတ်လွှင့်မှာဖြစ်ပါတယ်။

ဒီရုပ်ရှင်ကိုနာမည်ကြီးရုပ်ရှင်ဒါရိုက်တာ Zeng Guoxiang ကတာဝန်ယူရိုက်ကူးထားတာဖြစ်ပါတယ်။ ဖြစ်စဉ်ငါးခုပါဝင်မှာဖြစ်ပြီး လူတစ်ဦးနဲ့တစ်ဦးကြားကချစ်ခြင်းမေတ္တာ၊ သူငယ်ချင်းတွေကြားကချစ်ခြင်းမေတ္တာ၊ မိသားစုတွေကြားကချစ်ခြင်းမေတ္တာတွေကိုတစ်ဆင့်ချင်းစီတင်ပြသွားမှာဖြစ်ပါတယ်။  ဇာတ်ကောင်တွေရဲ့အတွေ့အကြုံတွေကနေတဆင့်သဘာဝတရားရဲ့စွမ်းအင်နဲ့ကောင်းမွန်တဲ့အနာဂတ်ကိုလမ်းပြဖော်ဆောင်ပေးမှာဖြစ်ပါတယ်။

သဘာဝတရားရဲ့စွမ်းအင်ကလူသားတွေကိုအမြဲလှုံ့ဆော်နေတဲ့အကြောင်း၊ ဒီရုပ်ရှင်မှာတိုးတက်နေတဲ့ဘဝခရီးစဉ်တွေ၊ ပတ်ဝန်းကျင်မှာရှိတဲ့အားသာချက်အသစ်တွေကိုအမှန်တကယ်ပြသထားတယ်ဆိုတဲ့အကြောင်း၊ နှစ်သစ်မှာလည်းကျွနု်ပ်တို့အားလုံးဟာချစ်ခြင်း၊ မျှတခြင်း၊ သန်မာခြင်း၊ မျှော်လင့်ခြင်းကိုရှာဖွေဖို့စိတ်အားထက်သန်နေကြမယ်ဆိုတဲ့အကြောင်း၊ ဒါကဘဝရဲ့စစ်မှန်တဲ့လှပမှုဖြစ်တဲ့အကြောင်းကို Burberry ရဲ့ Chief Creative Director Riccardo Tisci ကပြောကြားခဲ့ပါတယ်။

ရိုက်ကူးရေးနေရာတွေကအရမ်းကိုလှပပြီးသစ်ပင်တွေ၊ တောင်တန်းတွေနဲ့စီးဆင်းနေတဲ့စမ်းချောင်းတွေလည်းပါဝင်တယ်လို့သိရပါတယ်။ Brand Ambassador Song Weilong အနေနဲ့လည်း သစ်တောတွေနဲ့သဘာဝတရားကိုကိုယ်တိုင်ထိတွေ့ခွင့်ရခဲ့ပြီးသဘာဝရဲ့အလှတရားကိုကိုယ်တိုင်ကိုယ်ကျခံစားခဲ့ရတဲ့အကြောင်းကိုပြောပြခဲ့ပါတယ်။

သဘာဝကိုအလေးထားပြီးအမြဲထိန်းသိမ်းဖို့သင်ကြားခဲ့ရတယ်လို့လည်းပြောထားပါသေးတယ်။ အနာဂတ်မှာလည်းအလုပ်အကိုင်အခွင့်အလမ်းအသစ်တွေနဲ့အတူအကောင်းဆုံးလုပ်ဆောင်သွားမှာဖြစ်ပြီးဒီနှစ်မှာလည်းပရိတ်သတ်တွေအားလုံးကျန်းမာသန်စွမ်းကြပါစေလို့နှစ်သစ်ဆုတောင်းပေးခဲ့ပါတယ်။ Brand spokesperson Dongyu Zhou ကလည်း နှစ်သစ်မှာအားလုံးပဲကျန်းမာပျော်ရွှင်ပြီးဘေးကင်းလုံခြုံကြပါစေလို့ဆုတောင်းစကားပါးထားပါသေးတယ်။

Written: Nair Nair
Source: Weibo
Photos: Burberry

Share