EXO အဖွဲ့ရဲ့ တစ်ဦးတည်းသော Chinese member Lay ကတော့ မျက်နှာမြင်ချစ်ခင်ပါစေ ဆိုတဲ့ ဆုနဲ့ပြည့်စုံနေတဲ့အပြင် သူ့ရဲ့ visual ကလည်း လူကြားထဲ ထင်းနေပြီး နှလုံးသားကလည်း ဖြူစင်လွန်းသူဖြစ်ပါတယ်။ အနည်းစုဘဲရှိတဲ့ anti fan တွေကိုတောင် သူ့အပေါ် အမြင်ကြည်လင်လာအောင် လုပ်နိုင်စွမ်းရှိတဲ့သူပါ။
အဖက်ဖက်ကနေ ကျက်သရေနဲ့ပြည့်စုံနေတဲ့ Lay မှာလည်း ပရိတ်သတ်တွေ jaw drop ဖြစ်သွားအောင် လုပ်နိုင်တဲ့ ချစ်စရာကောင်းတဲ့ moment လေးတွေရှိပါသေးတယ်။ သူ့ရဲ့ ပူပင်ကြောင့်ကြမဲ့ပြီး အူတူတူအမူအရာလေးတွေက တကယ်ကိုရီရလွန်းတာမို့ ပရိသတ်တွေအတွက် ခုလိုဖော်ပြပေးလိုက်ပါတယ်။
1.Korea မှာတော့ Idol တော်တော်များများကဒီ Pocky stick game လေးကို ကစားကြပါတယ်။ Lay နဲ့ အငယ်ဆုံး sehun လေးလည်း အတူတူကစားဖူးကြပြီး Lay ကတော့ ခပ်သွက်သွက်နဲ့ Pocky ချောင်းလေးကို အတိုဆုံးဖြစ်အောင် ကိုက်စားလိုက်နိုင်တာကို ခုလိုတွေ့ရမှာပါ။
2.တရုတ်လူမျိုးဆိုတော့ တခါတလေ ကိုးရီးယားစကားတွေကို မှားပြောတတ်တဲ့အသံထွက်ကြောင့် EXO အဖွဲ့ဝင်တွေအတွက်တော့ Lay က ဟာဒယရွှင်ဆေးပါဘဲ။ ခုလည်း “Jurajil” ကို အသံထွက်မှားတာကြောင့် အကုန်မထိန်းနိုင်တော့အောင် ရီကြရတဲ့အဖြစ်ပါ။
3.China sheep ဆိုပြီး သူ့ကိုယ်သူ ခံယူထားတဲ့ Lay တစ်ယောက်ကတော့ ခိုတွေ ကြက်တွေ ဘဲတွေကို ကြောက်တတ်ပါတယ်။ သူကြောက်တတ်မှန်းသိလို့ varity show က အကိုတွေက ခိုလေးတွေနဲ့ လိုက်စတာကို အူယားစရာဖွယ် ချစ်ဖို့ကောင်းအောင် ပတ်ပြေးနေတာကို ခုလိုတွေ့နိုင်ပါတယ်။
4.ဒါလေးကတော့ “Star Show 36O” အစီအစဉ်မှာ Suho ရဲ့ butt ကို ပုတ်ဖို့ တောင်းဆိုခံရကြောင်း စာရရှိတဲ့အခါ သူ ပြန်ပြောလိုက်တာလေးကြောင့် အားလုံး ပွဲကျခဲ့ရတဲ့ moment လေး ဖြစ်ပါတယ်။
5.ဒါကတော့ EXO အဖွဲ့ဝင်တိုင်းနဲ့ အရမ်းရင်းနှီးနေပြီဖြစ်တာကြောင့် အားလုံးရဲ့ butt ကို ချစ်စနိုးနဲ့ လိုက်ပုတ်တာ ဖြစ်ကြောင်း ပြောရင်း..ပြောရင်းနဲ့ ဆက်မပြောနိုင်လောက်အောင် ရှက်သွားတဲ့ တရုတ်ကြီး Lay ရဲ့ အခိုက်အတန့်လေးပါ။
6.Twitter မှာလည်း တခါတလေ သူ တင်ချင်တာတွေတင်ပါသေးတယ်။ Fan တွေကို နှုတ်ဆက်ရင်း နာနတ်သီးအကြီးကြီးကို လမ်းမှာတွေ့လိုက်ရလို့ အရမ်းအံ့ဩနေတာလေးက လူမမြင်ရဘဲ အသံဘဲကြားနေရတာတောင် ပရိသတ်တွေကို ပြုံးမိသွားစေမှာပါ။ ဒီ moment လေးတွေကတော့ အားလုံးကို မပြုံးမရီမိဘဲ မနေနိုင်အောင် ဖြစ်သွားရစေတဲ့ Lay ရဲ့ ဟာသလေးတွေပါ။ကြည့်ပြီး အားလုံးပျော်ရွှင်ကြမယ်လို့ မျှော်လင့်ပါတယ်။
Source: Koreaboo
Written : Violet