စကားလုံးနဲ့ ဖော်ပြလို့မရနိုင်အောင် ချစ်ဖို့ကောင်းလွန်းတဲ့ Kai ရဲ့ အခိုက်အတန့်လေး (၄) ခု

Kai က သူ့ရဲ့ cool ဖြစ်ပြီး စွဲမက်စရာကောင်းတဲ့ ငြို့ဓာတ်တွေနဲ့ တခြား celebrity တွေရဲ့ fan girl တွေကိုပါ ကြွေကျသွားအောင် လုပ်နိုင်စွမ်းရှိပါတယ်။ Kai ကို အပြင်ပန်းကြည့်လိုက်ရင် ခပ်မိုက်မိုက်ကောင်လေးဆိုပေမဲ့ သေချာကြည့်မယ်ဆိုရင် အရမ်းနူးညံ့တဲ့ကောင်လေးဖြစ်ပါတယ်။ ဒီအချက်ကြောင့်ဘဲ သူ့ကို fan girl တွေက ပိုပိုချစ်နေရတာ ဖြစ်ပါတယ်။

Kai တစ်ယောက် တည်တည်တံ့တံ့လေးနေရင် ဆွဲဆောင်မှုအရမ်းရှိလွန်းလို့ fan တွေ ခိုက်ရသလို သူ ရှက်ကိုးရှက်ကန်းဖြစ်သွားတဲ့ အခိုက်အတန့်လေးတွေဆိုရင်လည်း ချစ်ဖို့ကောင်းလွန်းလို့ fan girl တွေ ခမျာ အသည်းနှလုံးတွေ အရည်ပျော်ကျမတတ် ဖြစ်သွားရရှာတာပါ။ ဒီတစ်ခါမှာတော့ Asia Cele bar ပရိသတ်ကြီးအတွက် kai ရဲ့ cute moment လေးတွေကို ခုလိုဖော်ပြပေးလိုက်ပါတယ်နော်။

1.”Teleported” ဆိုပြီး ရွတ်ဆိုတဲ့အခိုက်အတန့်

Variety show အစီအစဉ်တစ်ခုမှာ EXO member တွေက ကိုယ်ပိုင် power သုံးပြရတဲ့ အခိုက်အတန့်ဖြစ်ပါတယ်။ Kai က debut ခါစလည်းဖြစ် လူငယ်လည်း လူငယ်ဆိုတော့ သူ့ power ဖြစ်တဲ့ Teleportation ကို ရှက်ရှက်နဲ့သုံးပြခဲ့တာမို့ အစီအစဉ်ကလူတွေအားလုံး kai ကို မချစ်ဘဲမနေနိုင်အာင် ဖြစ်ခဲ့ကြရပါတယ်။

2.”Noona, ကြက်ကြော် ဝယ်ကျွေး”

ဒါကတော့ Kai debut ခါစက သွားခဲ့တဲ့ radio show အစီအစဉ်မှာဖြစ်ပါတယ်။ MC က လုပ်ပြခိုင်းလို့ Kai တစ်​ယောက် နှုတ်ခမ်းထော်ထော်လုံးလုံးလေးနဲ့ ချစ်စဖွယ်ကောင်းအောင် ခုလိုပြောနေမှတော့ ဒီ idol လေးကို မကြွေတဲ့ fan girl ရှိပါ့မလားနော်။

3.Knowing Bros အစီအစဉ် episode 85

ဒီ အခိုက်အတန့်လေးကတော့ Kokobop Era တုန်းက သွားခဲ့တဲ့ knowing bro အစီအစဉ်မှာ ဖြစ်ခဲ့တာဖြစ်ပါတယ်။ တခြား member တွေက နာမည်ကဗျာစပ်ရတဲ့ game ကို ကောင်းကောင်းလုပ်နိုင်ခဲ့ကြပေမဲ့ Kai တစ်ယောက်ကတော့ သူဘာ idea မှ မထွက်လာလို့ ကလေးလေးလို ဂျောင်မှာ သွားငိုခဲ့တာဖြစ်ပါတယ်။သူ့အဖြစ်က သနားစရာလည်းကောင်း ချစ်ဖို့လည်းကောင်းလွန်းလို့ အားလုံးက ရီအားထက်ငိုအားသန်ခဲ့ကြရပါတယ်။

4.ဒါကတော့ EXO concert မှာဖြစ်ပါတယ်။ သူ့ဘောင်းဘီ ဇစ်ပြုတ်နေပေမဲ့ အထာကျကျဆွဲတင်ပြီး ရှက်ပြုံးလေးနဲ့ သူ့အကိုတွေကို လိုက်ရီပြနေတဲ့ ဒီ idol ပေါက်စလေးကို ကိုယ်တွေကတော့ မသိချင်ယောင်ဆောင်လိုက်ကြရအောင်။

ခုလို kai ရဲ့ ရီလည်းရီရ ချစ်စရာလည်းကောင်းတဲ့ အဖြစ်အပျက်လေးတွေကို တင်ပြပေးလို့ ပရိသတ်ကြီးလည်း သဘောကျမယ်ထင်ပါတယ်။ ဒီ့ထက် kai ရဲ့ ချစ်ဖို့အခိုက်အတန့်တွေရှိရင်လည်း comment မှာ မျှဝေသွားကြပါအုံးနော်။

Source: Koreaboo
Written: Violet

Share