WayV အဖွဲ့ဝင် Lucas က Kai နဲ့ Baekhyun ဆို ဘယ်သူရွေးချယ်ခဲ့သလည်းဆိုတော့…

Way V အဖွဲ့ဝင် ဖြစ်သလို SuperM အဖွဲ့ရဲ့ visual လေး Lucas ကတော့ SuperM leader ဖြစ်တဲ့ Baekhyun ရဲ့ huge fanboy လားလို့တောင် ဆိုရမဲ့ အနေအထားမှာရှိပါတယ်။ Baekhyun နားမှာ ရှိနေရရင် အမြဲပြုံးနေတတ်ပြီး သူ့ hyung သေးသေးလေးကို ချစ်မဝဖြစ်နေတဲ့သူပါ။

မေတ္တာဟာ အသွားအပြန်ရှိတယ်ဆိုတဲ့အတိုင်း Baekhyun ကလည်း သူ့ရဲ့ညီငယ်လေးကို ဂရုစိုက်ပေးပြီး ချစ်ချစ်ခင်ခင်ကြင်ကြင်နာနာ ရှိပါတယ်။ဒါကတော့ Baekhyun တစ်ယောက် Airport မှာ လူတန်းစီနေရတုန်း အရည်ရှည်ရှည် လူကောင်ကြီးကြီး lucas ကို ဖက်တွယ်ထားတဲ့ moment လေးဖြစ်ပါတယ်။

Lucas ကလည်း Baekhyun အပေါ် ပိုဂရုစိုက်တယ်ဆိုတာ ဒီ videocall fansign မှာပြောထားတာတွေက သက်သေပါဘဲ။ Fan က Lucas ကို Baekhyun နဲ့ Kai သာ ရေထဲပြုတ်ကျသွားရင် ဘယ်သူ့ကို အရင်ကယ်မလည်း ဆိုပြီး မေးခဲ့ပါတယ်။ Lucas က Kai stan ဆိုတော့ ဒီမေးခွန်းက Lucas ကို နည်းနည်းတွေဝေသွားစေမှာတော့ အမှန်ပါဘဲ။

ဒါပေမဲ့ သူ သေချာစဉ်းစားပြီးသွားတဲ့ အခါမှာတော့ Baekhyun ကိုဘဲ အရင်ကယ်ဖို့ ရွေးခဲ့ပါတယ်။ သူ ရွေးချယ်ခဲ့ရတဲ့အကြောင်းအရင်းကိုလည်း ခုလိုရှင်းပြခဲ့ပါတယ်။ “Kai hyung က လူကောင်ပိုကြီးတယ်လေ …သူ့ပြဿနာကို သူကိုယ်တိုင်ဖြေရှင်းနိုင်လိမ့်မယ်လို့လည်း ထင်လို့ …

Baekhyun hyung ကျတော့ ချစ်ဖို့လည်းကောင်း ခန္တာကိုယ်ကလည်း သေး​သေးလေးဆိုတော့ ကျနော် သူ့အရင်ကယ်မှာ” Lucas ကတော့ Kai နဲ့ Baekhyun ဆို Baehyun ကိုရွေးချယ်လိုက်ပါပြီနော်။ သူ့ fan boy လေးက ခုလိုရွေးချယ်လိုက်တာကို Kai တစ်ယောက် မသိသွားပါစေနဲ့လို့ဘဲ မျှော်လင့်ပါတယ်။

Source : koreaboo
Written: Violet

Share