ပရိသတ်ကြီးလည်း ၂၀၂၀ ကို ဇာတ်လမ်းကောင်းတွေကြည့်ရင်း တစ်နှစ်တာ ကုန်ဆုံးခဲ့ကြမှာပါ။ ထိုင်းဇာတ်လမ်းကောင်းတွေလည်းထွက်ရှိခဲ့ပြီး ယခုအချိန်မှာတော့ ၂၀၂၀ အတွက် ‘The Most Favorite Thai Drama of 2020’ ကို ThaiUpdate ရဲ့ Official Website မှာ မဲပေးလို့ရနေပြီဖြစ်ပါတယ်။ စာရင်းထဲမှာပါဝင်လာခဲ့တဲ့ စကာတင်ဇာတ်လမ်းတွဲတွေကတော့…
မဲပေးဖို့စည်းမျဥ်းကတော့ စကာတင်စာရင်းထဲက မိမိနှစ်သက်ရာ ဇာတ်လမ်းတွဲ ၃ ခုကို မဲပေးလို့ရမှာပါ။ မဲအကြိမ်ရေကတော့ ကန့်သတ်ထားခြင်းမရှိဘဲ တစ်ကြိမ်မဲပေးပြီး Website ထဲက ထွက်ပြီးရင် နောက်တစ်ကြိမ်ပြန်ဝင်ပြီး ထပ်မံမဲပေးလို့ရပါသေးတယ်။
ပရိသတ်တွေရဲ့ရွေးချယ်မှုအရ မဲအများဆုံးရရှိတဲ့ဇာတ်ကားကိုတော့ ‘The Most Favorite Thai drama of 2020’ ဆိုပြီး ဖော်ပြမှာဖြစ်ပါတယ်။ မဲစာရင်းကတော့ January 16 ရက်နေ့မှာ ပိတ်သိမ်းမှာဖြစ်လို့ Thai Update ရဲ့ Official Facebook Account မှာ မြန်မြန်လေး မဲသွားပေးလိုက်ကြပါဦးနော်။
Source: ThaiUpdate
Photos: ThaiUpdate
Written: Nay Chi