Billboard Chart နှစ်ခုရဲ့ ထိပ်ဆုံးကို ကာလအကြာဆုံး သိမ်းပိုက်ထားနိုင်တဲ့ အနုပညာရှင်ဖြစ်လာတဲ့ BTS

Worldwide superstar BTS ကတော့ Billboard worldwide song ranking မှာဦးဆောင်ပြီးတော့ နောက်ထပ်စံချိန်တစ်ခုကို ချိုးလိုက်ပြန်ပါပီ။ January 12 ရက်နေ့က နာမည်ကြီး boyband BTS ဟာ Billboard ရဲ့ “Global 200” နဲ့ “Global Excluding the U.S.” နှစ်ခုလုံးမှာ ထိပ်ဆုံးနေရာက ဦးဆောင်နေတယ်လို့ Billboard Korea ကထုတ်ဖော်ကြေညာပေးခဲ့ပါတယ်။

ဒီအောင်မြင်မှုကြောင့်ပဲ BTS ဟာ worldwide chart ranking နှစ်ခုလုံးမှာ “longest double domination” ဆိုတဲ့ ဂုဏ်ပုဒ်ရရှိတဲ့ အနုပညာရှင်တွေဖြစ်လာခဲ့ပါတယ်။ အထူးသဖြင့်တော့ global ranking ဟာ MRC Data နဲ့ပူးပေါင်းကောင်ယူထားတဲ့ နိုင်ငံပေါင်း 200 ကျော်မှ sales data တွေ၊ weekly streaming တွေပေါ်မှာ အဓိကအခြေခံထားတာဖြစ်ပါတယ်။

Ranking နှစ်ခုလုံးကတော့ ကမ္ဘာတစ်ဝှမ်းလုံးက data တွေကို ထည့်သွင်းထားတာဖြစ်ပြီး “Global Excluding the U.S.” ကတော့ နာမည်အတိုင်း U.S ကလွဲလို့ အခြားနိုင်ငံတွေအားလုံးက data တွေကို ကောက်ယူတွက်ချက်ထားတာဖြစ်ပါတယ်။ BTS ကတော့ နှစ်သစ်မှာလည်း အသစ်အသစ်သော အောင်မြင်မှုမှတ်တိုင်တွေကို ဆက်လက်စိုက်ထူနေပြန်ပါပြီ။

Source: Kpopstarz
Photo: Billboard
Written: Gyi Gyi

Share