မွေးရပ်မြေမှာ ပျော်နေတဲ့ တောင်ပေါ်သားလေး Xiao Zhan

ဇန်နဝါရီလ(၁၂)ရက်နေ့ရဲ့ “Wonderful City” အပိုင်း(၂)မှာ Chongqing မြို့သားလေး Xiao Zhan ရဲ့တင်ဆက်မှုတွေကိုပရိတ်သတ်တွေသဘောကျကျေနပ်ခဲ့ကြပါတယ်။ လောလောဆယ်မှာတော့ Youku မှာ VIP ဝယ်ထားတဲ့သူတွေသာကြည့်ရှုခဲ့ရတာဖြစ်ပေမယ့်နောက်တစ်ပတ်မှာ Youku Youtube Channel ကနေပရိတ်သတ်တွေအားလုံးကြည့်ရှုဖို့တင်ပေးမှာဖြစ်ပါတယ်။

Chongqing မြို့ဟာတရုတ်နိုင်ငံရဲ့အကြီးဆုံးမြို့ကြီး(၁၀)မြို့ထဲမှာတစ်ခုအပါအဝင်ဖြစ်ပါတယ်။ သမိုင်းဝင်မြို့လည်းဖြစ်ပြီးအံ့ဩစရာကောင်းလောက်အောင်လှပတဲ့တောင်ပေါ်မြို့လေးဖြစ်တယ်လို့လည်းသိရပါတယ်။ ထုံထုံစပ်စပ်အရသာကိုစားလေ့ရှိတဲ့ဒေသဖြစ်တာမို့ပူစပ်နေတဲ့အစားအသောက်တွေကိုတွေ့မြင်ကြရမှာဖြစ်ပါတယ်။

Xiao Zhan ကတော့ခေါက်ဆွဲပွဲကြီး(၂)ပွဲတောင်စားခဲ့ပြီးစပ်လွန်းလို့မျက်ရည်တွေပါကျတယ်လို့ပြောခဲ့ပါတယ်။ Chongqing သားပီသတဲ့ Zhan Ge ပါ။ Xiao Zhan တစ်ယောက် Chongqing ကိုမရောက်တာ(၅)နှစ်လောက်ရှိပြီလို့ဆိုပါတယ်။

ကားကိုလည်းကိုယ်တိုင်မောင်းပြီးအရမ်းကိုပျော်ရွှင်နေခဲ့ပါတယ်။ သူ့ရဲ့ Weibo accountမှာလည်း “Chongqing သားလေး Xiao Zhanပါ” ဆိုတဲ့ Caption လေးနဲ့မြို့ရဲ့ပုံတွေကိုတင်ပေးခဲ့ပါတယ်။ လိှုင်ခေါင်းထဲကိုဝင်ကြတော့လည်းကြွက်တွေ့လို့ဆိုပြီးကလေးလေးတစ်ယောက်လိုအော်ဟစ်နေတဲ့ Zhan Ge ကတကယ်ကိုချစ်စရာကောင်းလွန်းလှပါတယ်။

ဝိုင်းဖွဲ့ပြီးစကားစမြည်ပြောကြတော့ Xiao Zhan ကို “လူချောလေးနော်၊ တစ်ယောက်ယောက်နဲ့တူသလိုပဲ” လို့ပြောလိုက်တော့ “ဘယ်ကိုသွားသွားတွေ့နိုင်တဲ့မျက်နှာမျိုးပါ”လို့ပြောခဲ့ပါတယ်။ အဲ့ဒီစကားကနေ #肖战说自己长了一张大众脸 ဆိုတဲ့ Hashtag လေးနဲ့ Weibo မှာ Trend ဖြစ်ခဲ့ပါတယ်။

အဓိပ္ပာယ်ကတော့ “Xiao Zhan ကသူ့ကိုယ်သူဘယ်ကိုသွားသွားတွေ့နိုင်တဲ့မျက်နှာမျိုးပါလို့ပြောတယ်” ဆိုတာပဲဖြစ်ပါတယ်။ နေရာတိုင်းမှာသူ့လိုမျက်နှာမျိုးရှိနိုင်တာကြောင့်တစ်ယောက်ယောက်နဲ့တူတယ်ဆိုတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ပြောခဲ့တာပဲဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုနှိမ့်ချပြောဆိုတတ်ပြီးမာနမကြီးတဲ့တောင်ပေါ်သားလေးတစ်ယောက်ဆိုတာရှင်းပြနေဖို့တောင်မလိုတော့ပါဘူးနော်။

Written: Nair Nair
Source: Weibo
Photos: Weibo

Share