Ro လွန်းလို့ ကြည့်ရင်းနဲ့တောင် ချစ်သူတစ်ယောက်လောက် ရှိချင်စိတ်ပေါက်လာစေမဲ့ အချောဆုံးအတွဲရဲ့ဇာတ်လမ်းတွဲ

တရုတ်မင်းသားတွေထဲမှာ ချောမောတည်ကြည်တဲ့ရုပ်ရည်ကြောင့်နာမည်ကြီးတဲ့ မင်းသားချော Yang Yang နဲ့ အလှထိပ်ခေါင်အဖြစ် အများကသတ်မှတ်ထားကြတဲ့ Dilireba တို့ရဲ့ “You are My Glory” ဇာတ်လမ်းကို မျှော်နေကြပါသလား? ဒါဆိုရင်တော့ သိပ်မကြာတော့တဲ့ကာလမှာပဲ အားရပါးရကြည့်ရပါတော့မှာပါ။

ဒီအချစ်ဇာတ်လမ်းတွဲကတော့ မထွက်ခင်ကတည်းက ပါဝင်ရိုက်ကူးမဲ့ မင်းသားနဲ့မင်းသမီးကြောင့် ပရိသတ်ကြားမှာ တော်တော်လေးကို ရေပန်းစားနေခဲ့တာဖြစ်ပါတယ်။ Interview တစ်ခုမှာဆိုရင် Yang Yang ကို ဇာတ်လမ်းရိုက်ကူးတုန်းက အနမ်းဇာတ်ဝင်ခန်းအကြောင်းမေးမြန်းခံရတဲ့အခါ ရှက်ရမ်းရမ်းပြီး အရမ်း Ro တဲ့အကြောင်း ဖြေခဲ့ဖူးပါတယ်။

အဓိကမင်းသားကိုယ်တိုင်ကတောင် Ro ဆန်လွန်းပါတယ်ဆိုပြီး ပွင့်ပွင့်လင်းလင်းပြောထားတာဖြစ်လို့ ပရိသတ်တွေက အချိုတွေစားဖို့ စောင့်စားနေကြပါပြီ။ ၂၀၂၁၊ ဇန်နဝါရီလ ၁၂ ရက်မှာတော့ ဇာတ်လမ်းကို အပြီးသတ်ရိုက်ကူးပြီးစီးခဲ့ပြီဖြစ်ပါတယ်။

ရက်ပေါင်း ၁၁၀ ကြာ ရိုက်ကူးခဲ့ရတဲ့ ဒီဇာတ်လမ်းလေးကတော့ ပြီးစီးသွားတဲ့အချိန်မှာ poster အသစ်တွေအပြင် အဓိကဇာတ်ဆောင်နှစ်ယောက်ရဲ့ ချစ်စရာကောင်းတဲ့ Viedo လေးကိုပါ လက်ဆောင်အဖြစ် ထုတ်ပေးခဲ့ပါတော့တယ်။ Viedo ထဲမှာ သရုပ်ဆောင်နှစ်ယောက်ဟာ အပြန်အလှန်လက်ဆောင်ပေးခဲ့ကြပြီး ရင်းနှီးနေကြပုံပေါ်နေခဲ့ကြတာပါ။

ပရိသတ်ပေါင်းများစွာက လက်ဆောင် Viedo လေးကို ကြည့်ပြီးတဲ့နောက်မှာတော့ Yang Yang နဲ့ Dilireba တို့ရဲ့ လိုက်ဖက်ညီပြီး ကြည့်လို့ကောင်းနေတာကြောင့် ဇာတ်လမ်းသစ်ကို မြန်မြန်ကြည့်ချင်စိတ်တွေ တိုးပွားနေခဲ့ရပါတော့တယ်။

နာမည်ကျော်ကောင်မလေးတစ်ယောက်နဲ့ ထိုကောင်မလေးကို Game ကစားနည်းသင်ပေးရတဲ့ နည်းပြကြားက အချစ်မေတ္တာတွေပေါက်ဖွားလာပုံလေးပါ။ (ဇာတ်လမ်းအကြောင်းကို ရေးသားဖော်ပြထားပြီးဖြစ်ပါတယ်။) အချောဆုံးနှစ်ယောက်ကြားက အRo ဆုံး ပြကွက်လေးတွေကို မြင်ရတော့မှာဖြစ်လို့ ကြည့်ရင်းနဲ့ ချစ်သူတစ်ယောက်လောက်ရှိချင်စိတ်တွေဟာ တဖွားဖွားပေါ်ပေါက်လာဦးမယ် ထင်ပါရဲ့နော်။

Source: Weibo
Photos: Tencent
Written: Nay Chi

Share