အရင်အပတ် အပိုင်း ၈ အဆုံးမှာတုန်းက အင်ဂျူဂယောင်း ( Moon Ga Young) နဲ့ လီဆူဟို ( Cha Eun Woo) တစ်ယောက်နဲ့ တစ်ယောက် ခံစားချက်တွေ ဖွင့်ပြောပြီး ရိုမန့်တစ်ဆန်တဲ့ အနမ်း ဇာတ်ဝင်ခန်းနဲ့ အတူ အဆုံးသတ်သွားကြတာ ပရိသတ်ကြီး မှတ်မိမယ်ထင်ပါတယ်။
အေးစက်စက် ဆူဟိုကလည်း တဖြည်းဖြည်း ခံစားချက်တွေ ပွင့်ထွက်လာခဲ့တာဆိုတော့ ပရိသတ်တွေကြည့်ရတာ တကယ် ကျေနပ်စေမှာပါ။ အခုလည်း ဇန်နဝါရီ ၁၃ရက်၊ ဗုဒ္ဓဟူးနေ့အပိုင်းသစ်အတွက် Still cut တွေထွက်ရှိလာပါပြီ။
ဒီပုံတွေထဲမှာ ဆိုရင် ဂျူဂယောင်းနဲ့ ဆူဟိုတို့ နှစ်ယောက်သား ဂျူဒိုဆော့နေကြတဲ့ အခန်းတွေပါဝင်ပါတယ်။ ပထမဆုံး အနေနဲ့ ဂျူဒိုဆော့ဖူးတဲ့ ဂျူဂယောင်းကလည်း စိတ်လှုပ်ရှားပြီး အကြည့်တွေကလည်း တက်ကြွနေပါတယ်။ ဆူဟိုကလည်း ဂျူဂယောင်းကို ကြည့်ပြီးအတောက်ပဆုံးပြုံးထားတာ မြင်ရမှာပါ။
နောက်တခုကတော့ ဂျူဂယောင်းရဲ့ ခေါင်းကို ထိခိုက်မိမှာစိုးရိမ်လို့ ဆူဟိုက လက်လေးနဲ့ကာထားတဲ့ အခန်းပါ။ ဒီမှာဆိုရင် နှစ်ယောက်သားဟာ အကြည့်ချင်းတွေဆုံပြီး နီးနီးကပ်ကပ်ဖြစ်နေပါတယ်။ ပရိသတ်ကြီး ရင် တလှပ်လှပ်ခုန်ရမယ့် ဇာတ်ဝင်ခန်းလေးပါဘဲနော်။
တစ်ဖက်မှာလည်း ဆောဂျွန်း( Hwang In Yeop)နဲ့ ဇာတ်ဝင်ခန်းပုံတွေလည်းထွက်လာပါတယ်။ ပြီးခဲ့တဲ့ အပတ်မှာတုန်းက ဂျူဂယောင်းကို ဂရုစိုက်ပေးခဲ့တာပါ။ သူ့စိတ်သူလည်း ပြန်လည်စန်းစစ်နေခဲ့တာ ပရိသတ်ကြီး မှတ်မိကြမှာပါ။
ထွက်ရှိလာတဲ့ ပုံထဲမှာ ဆိုရင် ဆောဂျွန်းက ဂျူဂယောင်းရဲ့ လက်ကိုဆွဲပြီး သူ့နားကိုကပ်ပြီး ဂျူဂယောင်းရဲ့ နှုတ်ခမ်းကို စိုက်ကြည့်နေတဲ့ပုံကတော့ ပရိသတ်ကို ရင်ခုန်စေမှာပါ။ ဂျူဂယောင်းကတော့ ဆောဂျွန်းကြောင့် ကြောင်တောင်တောင်ပုံ ဖြစ်နေတဲ့ အနေအထားပါ။
ဘာတွေ ဆက်ဖြစ်မလည်းဆိုတာ အရမ်း စိတ်ဝင်စားစရာပါဘဲ။ မင်းသား နှစ်ယောင်လုံးကလည်း အပြိုင်အဆိုင်နဲ့ ဇာတ်ရှိန်တက်နေတဲ့ အနေအထားမှာရှိပါတယ်။ ဒီအပတ်အပိုင်းလေးကို စောင့်ကြည့်ကြဖို့ အဆင့်သင့်ဖြစ်နေကြပြီလား။
Source:soompi
Photo:true beauty
Written:zunepwint