ကမ္ဘာကျော် ဇိမ်ခံအသုံးအဆောင်ပစ္စည်းတွေ ထုတ်လုပ်တဲ့ Gucci brand ဟာ သူတို့ရဲ့ ကမ္ဘာလုံးဆိုင်ရာ ကိုယ်စားလှယ်ဖြစ်တဲ့ EXO အဖွဲ့ဝင် Kai ရဲ့ တစ်ဦးတည်း အနုပညာလှုပ်ရှားမှုတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ကော်ဖီကားကို ပို့ပေးခဲ့ပါတယ်။ Kai နဲ့ သူ့ရဲ့ ဝန်ထမ်းတွေအတွက် သူတို့အလုပ်လုပ်နေကြတဲ့ အမည်မဖော်ပြထားတဲ့ နေရာကို ပို့ပေးခဲ့တာ ဖြစ်ပါတယ်။
ထို ကော်ဖီကားရဲ့ ခေါင်းစီးမှာ “လူသား Gucci လေး Kai ရဲ့ ပထမဆုံး solo album ထွက်တာကို ဂုဏ်ပြုပါတယ်။ Mmmh လို့ အသံထွက်ရင်း အရသာရှိရှိ စားသုံးကြပါ” လို့ ရေးထားပြီး ထောင်ထားတဲ့ banner မှာတော့ “Gucci က Gucci Kai ကို စိတ်ရင်းနဲ့ အပြည့်အဝ အားပေးနေပါတယ်” လို့ ရေးထားပါတယ်။
ထို့ပြင် သောက်စရာဖျော်ရည်များနဲ့ ကွတ်ကီးထုတ်လေးများမှာ Kai ပုံ စတစ်ကာလေးတွေ ကပ်ထားပြီး Gucci ရဲ့ အမှတ်အသားဖြစ်တဲ့ ဖဲပြားလေးတွေကို ချည်ထားပါတယ်။ ကော်ဖီကားကို စီစဉ်ပို့ဆောင်ပေးတဲ့ ကုမ္ပဏီကလည်း သူတို့ရဲ့ instagram အကောင့်မှာ “#Gucci က #EXO #Kai ရဲ့ solo album ကို ဂုဏ်ပြုဖို့ ကော်ဖီကားပို့ပေးခဲ့ပါတယ်” ဆိုတဲ့ caption နဲ့ post တင်ခဲ့ပါတယ်။
Kai ဟာ ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့မှာ “KAI” ဆိုတဲ့ album ကို ထုတ်ဝေခဲ့ပြီး solo အနေနဲ့ ပွဲဦးထွက်ခဲ့ပါတယ်။ ထို album ထဲမှာ သီချင်း ၆ ပုဒ်ပါဝင်ပြီး ခေါင်းစီးသီချင်းဖြစ်တဲ့ “Mmmh” music video ဟာဆိုရင် Youtube မှာ ကြည့်ရှုမှုပေါင်း ၃၈ သန်းကျော် ရရှိထားတာဖြစ်ပါတယ်။
Source : Koreaboo
Photo : Instagram
Written : ZL