အနုပညာ​လောကထဲမှာ ၁၀နှစ်ကြာ ကျင်လည်ပြီးတဲ့နောက် Nadech Kugimiya ရဲ့အောင်မြင်မှုကတော့…

Nadech Kugimiya ကိုတော့ ထိုင်းဇာတ်လမ်းချစ်ပရိသတ်ကြီးတိုင်း မသိတဲ့သူမရှိလောက်ပါဘူးနော်။ Nadech ကတော့ ထိပ်တန်းမင်းသားတစ်ယောက်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့အညီ သူရိုက်ကူးသမျှဇာတ်လမ်းတိုင်းကလည်း မပေါက်တဲ့ကား မရှိပါဘူး။ ပြည့်ဝကျွမ်းကျင်တဲ့ သရုပ်ဆောင်အရည်အချင်းကြောင့်ပဲ Nadech ရဲ့ ၁၀ နှစ်တာ အနုပညာလမ်းကြောင်းကတော့ ဆုပေါင်းများစွာနဲ့ လမ်းခင်းထားပါတော့တယ်။

Nadech ဟာ “Ngao Ruk Luang Jai” ဆိုတဲ့ ဇာတ်လမ်းတွဲနဲ့ ၂၀၁၀ မှာ စတင်ပွဲဦးထွက်ခဲ့ပါတယ်။ ထို့နောက်မှာပဲ “Duang Jai Akkanee” ဇာတ်လမ်းတွဲမှာ Yaya Urassaya နဲ့ အတူတူ သရုပ်ဆောင်ခဲ့ပြီးနောက် လူကြိုက်များကျော်ကြားလာတဲ့အပြင် မင်းသမီးချောလေး Yaya ရဲ့ အချစ်တွေကိုပါ အပြည့်အဝရရှိထားပါတော့တယ်။

၂၀၁၀ မှာပဲ ဆုပေးပွဲပေါင်း ၇ ခု တိတိကနေ ‘Best Rising Actor’ ဆိုတဲ့ဆုကို အပိုင်းသိမ်းနိုင်ခဲ့တာကတော့ Nadech ပါပဲ။ ဒီလိုပဲ ၂၀၁၁ ခုနှစ်မှာတော့ “Dunag Jai Akkanee” နဲ့ “Game Rai Game Ruk” ထဲက သူ့ရဲ့ဇာတ်ကောင်တွေကြောင့် ဆုပေါင်း ၁၃ ခုကို ထပ်မံသိမ်းပိုက်ခဲ့ပြန်ပါတယ်။

၂၀၁၉ ခုနှစ်မှာတော့ ‘The Best Movie Actor’ ဆိုတဲ့ နာမည်ကြီးဆုကို “Nakee 2” ဇာတ်ကားကြောင့်ရရှိခဲ့ပြီး တစ်ဆထက်တစ်ဆကို အောင်မြင်မှုတွေကို သိမ်းပိုက်ထားနိုင်ခဲ့ပါတော့တယ်။ ထုတ်ပြန်ချက်တွေအရ Nadech Kugimiya ဟာ ၁၀ နှစ်တာ အနုပညာသက်တမ်းအတွင်း ဆုပေါင်း ၉၇ ကို ရရှိပြီးထားပြီ ဖြစ်ပါတယ်။

အောင်မြင်မှုနဲ့ထိုက်တန်တဲ့ နာမည်ကြီးမင်းသားတစ်လက်ဖြစ်သူ Nadech ကတော့ ဇာတ်လမ်းသစ်တွေ ရိုက်ကူးထားပြီး ထိုဇာတ်လမ်းတွေသာထွက်လာပါက နောက်ထပ် ဆုပေါင်းများစွာကို သိမ်းပိုက်ဦးတော့မယ် ထင်ပါရဲ့။

Source: ThaiUpdate
Photos: Weibo
Written: Nay Chi

Share