RM က V ကို အချစ်ဦးအကြောင်းပြောပြဖို့ပြောတဲ့အခါ V ရဲ့တုန့်ပြန်ချက်

Run BTS ရဲ့နောက်ဆုံးထွက်ရှိထားတဲ့အပိုင်းသစ်မှာတော့ RM က ARMY တိုင်းစိတ်ဝင်တစားသိချင်နေမယ့် အကြောင်းအရာတစ်ခုအကြောင်း V ကိုမေးမြန်းခဲ့ပါတယ်။ ဒီအပိုင်းမှာတော့ အဖွဲ့ဝင်တွေဟာ 15-20 minutes လောက် ကိုယ့်အရှေ့မှာရှိတဲ့ notepad မှာ idea တွေကိုချရေးရပါမယ်။

ပြီးတဲ့အခါမှာ ကိုယ်ရေးထားတဲ့ idea နဲ့ပတ်သတ်ပြီး presentation လုပ်ပေးရပါမယ်။ အားလုံးထဲကမှ idea နှစ်ခုကို ရွေးချယ်သွားမှာပါ။ ထုံစံအတိုင်း စပ်စုစိန် Jiminကတော့ V ကို ဘာတွေရေးခဲ့လဲဆိုပြီး ကြိုမေးနေပါတယ်။ V ကတော့ အရမ်းကိုလျှို့ဝှက်ပြီး သူ presentation လုပ်တဲ့အခါ အကုန်ပြောပြပေးမယ်လို့ပြန်ပြောခဲ့တာပါ။

နောက်ဆုံး စင်ပေါ်မှာ presentation လုပ်ဖို့ V ရဲ့ အလှည့်ကျရောက်လာတဲ့အခါမှာတော့ အဖွဲ့ဝင်တွေက တက်တက်ကြွကြွနဲ့အားပေးခဲ့ကြပါတယ်။ V က သူ့ကိုယ်သူ “Kim Taehyung” လို့မိတ်ဆက်ပြီး presentation စတော့မယ့်အချိန်မှာပဲ RM က ဇာတ်လမ်းစလာပါတော့တယ်။

အရမ်းကဲတဲ့ကျောင်းသားတစ်ယောက်ဟာ ဆရာ့ရဲ့အကြောင်းကို စပ်စုသလိုမျိုးပဲ RM က ရွှတ်နောက်နောက်နဲ့ V ကို ” ငါတို့ကိုမင်းရဲ့အချစ်ဦးအကြောင်းပြောပြပါ” လို့ထပြောလာပါတယ်။ V ကတော့ RM ပြောတာကြားတဲ့အခါသက်ပြင်းရှည်ကြီးချပြီး ပါးစပ်ကိုတင်းတင်းစေ့ထားပါတယ်။

ပြီးတော့ စိတ်ရှည်ရှည်နဲ့ပဲ RM ကိုလျစ်လျူရှုပြီး ဘာမှမဖြစ်ခဲ့သလိုနဲ့ presentation ကိုဆက်လုပ်ခဲ့ပါတယ်။ V ရဲ့အချစ်ဦးအကြောင်း အရမ်းသိချင်နေတဲ့ ARMY လေးတွေကတော့ အဖြေသိချင်ရင်နောက်ထပ် အခွင့်အရေးတစ်ခုစောင့်လိုက်ကြပါအုံး။

Source: Koreaboo
Photo: Naver
Written: Gyi Gyi

Share