“How You Like That” မှာ BLACKPINK ကို Hanbok ဝတ်ဖို့ အကြံဉာဏ်ပေးခဲ့သူက…

BLACKPINKရဲ့ “How You Like That” ဟာ 2020 June လမှာထွက်ရှိခဲ့တာဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် လူတိုင်းရဲ့ပါးစပ်ဖျားမှာရေပန်းစားခဲ့ပါတယ်။ “Kill This Love” ပြီးတဲ့နောက် ပထမဆုံး comeback ဖြစ်သလို သီချင်းနဲ့ music video ဟာလည်းတကယ်ကို ကောင်းမွန်ပြီး စွဲလမ်းစေခဲ့တာပါ။

ဒါတင်မကသေးပါဘူး ပရိတ်သတ်‌တွေဟာ music video မှာပါဝင်ခဲ့တဲ့ သူတို့ရဲ့ ဝတ်စုံတွေအကြောင်းကို လည်း စိတ်ဝင်တစားပြောဆိုခဲ့ကြတာဖြစ်ပြီး အထူးသဖြင့်တော့ ကိုရီးယားရိုးရာဝတ်စုံ hanbok ကို modern အဖြစ်ဖန်တီးထားတာကိုပါပဲ။

JTBC Knowing Brothers အစီအစဉ်မှာတော့ ဒီလိုဝတ်ဖို့အကြံဉာဏ်ဘယ်သူပေးခဲ့လဲဆိုတာကို BLACKPINKကဖွင့်ပြောပြခဲ့ပါတယ်။ Super Junior Heechul က hanbok ဝတ်မယ်ဆိုတာ ဘယ်သူ့ရဲ့ idea လဲဆိုပြီးမေးခဲ့ပါတယ်။

အဖွဲ့ဝင်တွေက သူတို့တွေအကုန်လုံးတိုင်ပင်ဆွေးနွေးပြီး ထွက်လာတဲ့အတွေးလို့ပြောခဲ့ကြပါတယ်။ Jisoo က သူတို့ဟာ အမြဲတမ်း အစည်းအဝေးလုပ်ပြီး ဆုံးဖြတ်ချက်ချလေ့ရှိကြတယ်။ ဒီတစ်ခါမှာတော့ အကုန်လုံးက အကြံဉာဏ်တွေ တိုက်တိုက်ဆိုင်ဆိုင်လာတူနေကြတယ်တဲ့။

Kang Ho Dong မှ “ဒါဆို ပထမဆုံးစဉ်းစားမိတာ Jisoo လား” လို့မေးတော့ Jisoo က သူ့ idea ကိုပြောပြတဲ့အခါ Jennie လည်းအဲ့လိုပြောခဲ့တယ်လို့ ဝန်ထမ်းတွေကပြန်ဖြေပေးခဲ့တယ်လို့ဆိုပါတယ်။ ဝတ်မယ်လို့ဆုံးဖြတ်ပြီးတဲ့အခါမှာ BLACKPINK ရဲ့ stylist team ဟာ designer Danha Seoul ထံမှ Hanbok နဲ့ပတ်သတ်တာတွေဝယ်ပြီး ကိုယ်တိုင်စိတ်တိုင်းကျပြန်လည်ဖန်တီးခဲ့ကြပါတယ်။

Danha က ” သူတို့က အပေါ်ပိုင်းကိုနည်းနည်းးညှပ်ထုတ်လိုက်ကြပြီးတော့ အောက်ပိုင်းကိုလည်း စကတ်လေးတွေလုပ်လိုက်တယ်။ Hanbok ကို ပိုပြီးတိုတိုလေးဖြစ်အောင်လုပ်လိုက်တော့ သူတို့ဖျော်ဖြေဖို့အတွက်လည်း ပိုပြီးအဆင်ပြေသွားတယ်” ဆိုပြီး အမြင်ကိုပြောပြခဲ့ပါသေးတယ်။ BLACKPINK ကတော့ modern hanbok နဲ့ တကယ်ကို ထင်းလင်းလှပနေခဲ့ကြတာပါပဲ။

Source: Koreaboo
Photo: Knowing Brothers
Written: Gyi Gyi

Share