BLACKPINK member တွေ ဘယ်အချိန်မှာ ကိုယ့်ကိုယ်ကို အလှဆုံးလို့ ထင်ပြီး စိတ်ချမ်းသာသလည်း ဆိုတော့…

BLACKPINK member တိုင်းက အငြင်းပွါးစရာ မရှိလောက်အောက်ကို အကုန်လုံးက လှပနေကြတယ်ဆိုတာ ပရိသတ်ကြီးလည်း သိပြီးသားဖြစ်မှာပါ။ သူတို့ရဲ့ magazine photo shoot တွေ ကြော်ငြာရိုက်ကူးရေးတွေ လေဆိပ်မှာလည်း ပေါ်လာတဲ့ပုံတွေ ကိုကြည့်လိုက်ရင် သူတို့အားလုံးဟာ visual ဆိုတာ သက်သေထူလို့ရပါတယ်။

ဒါပေမဲ့ သူတို့ကိုယ်တိုင်ကလည်း သူတို့ရုပ်ရည်ကို ဘယ်လိုစဉ်းစားခံယူထားသလည်းဆိုတာ စိတ်ဝင်စားစရာပါဘဲနော်။ ဒီ အဖြေအတွက် 2017 ခုနှစ်တုန်းက “Youngstreet Radio” အစီအစဉ်မှာ BLACKPINK အဖွဲ့ သူတို့ ရုပ်ရည်နဲ့ ပက်သက်ပြီး ဘယ်လိုတွေပြောဆိုဆွေးနွေးခဲ့လည်း ဆိုတာ ခုလိုဖော်ပြလိုက်ပါတယ်။

Radio အစီအစဉ်ရဲ့ Host က “ဘယ်အချိန်တွေမှာ ကိုယ့်ကိုယ်ကို အလှဆုံးလို့ ထင်လည်း” လို့ BLACKPINK member တွေကို မေးခဲ့ရာမှာတော့ Jisoo က ဒီမလာခင် သူမမျက်လုံးလေး ပိုလှသွားအောင် stylist ကို ခပ်မြန်မြန် ချယ်သခိုင်းခဲ့ပြီး ပြင်ပြီးသွားတဲ့နောက်မှာ စိတ်ချမ်းသာခဲ့ပုံကို ခုလိုပြောပြခဲ့ပါတယ်။ “ဒီနေ့ saloon မှာလေ ကျွန်မအလှပြင်တာအားလုံးပြီးသွားတဲ့ အချိန်မှာ “Humm.. ဟုတ်တယ် ဒါက BLACKPINK ဘဲ” ဆိုပြီး တွေးမိခဲ့ပါတယ်”

နောက်တစ်ယောက်ကတော့ Lisa ကဖြေဆိုခဲ့တာပါ။သူမ ဆံပင်ဖြောင့်လိုက်တဲ့အချိန်က သူမ လှတယ်လို့ ခံစားရတဲ့အချိန်ပါတဲ့။ သူမရဲ့ မူရင်းဆံပင်က ဆံသားကောက်တဲ့အမျိုးအစားဆိုတော့ သူမဘယ်လို ရှုပ်ပွနေတတ်သလည်းဆိုတာ ခုလို အရွှန်းဖောက်ပြောပြခဲ့ပါတယ်။

“ကျွန်မမှာ ဆံပင်ကောက်ကောက်လေးတွေရှိတော့..ကျွန်မ..မနက်အိပ်ရာကနိုးတိုင်း င်္ခြင်္သေ့ခေါင်းကြီးလို ဖြစ်နေတာ။ အာ့ကြောင့် ကျွန်မဆံပင်ကို ပြန်ဖြောင့်ရတယ်။ ဆံပင်ဖြောင့်ပြီးသွားတဲ့အခါတိုင်း ကျွန်မပြောလေ့ရှိတာကတော့ “Wow, ခုမှ ငါ…လူနဲ့တူသွားပြီ” ဆိုတာပါဘဲ”

Jennie ကတော့ နောက်ဆုံးမှ ဖြေဆိုခဲ့ပါတယ်။ အဖြေက ရိုးရိုးရှင်းရှင်းလေး တခွန်းတည်းပြောခဲ့ပေမဲ့ အစီအစဉ်တင်ဆက်သူရော member တွေအားလုံးကော အံ့အားသင့်ပြီး ချီးကျူးလက်ခုပ်တီးခဲ့တာကတော့ Jennie က ခုလိုပြောခဲ့လို့ ဖြစ်ပါတယ်။ “Umm.. ကျွန်မအတွက်ကတော့ နေ့တိုင်းပါဘဲ” (ရယ်လျှက်)

ဒါပေမဲ့ ထိုအချိန်တုန်းက Radio program မှာ ခဏ break လုပ်လိုက်လို့ Rosé လေးရဲ့အဖြေကိုတော့ မသိရှိလိုက်ရပါဖူး။ ခုလို မသိရှိရလို့ စိတ်မကောင်း မဖြစ်ကြပါနဲ့။ Rosé လေး က ဘယ်အချိန်မှာဘဲဖြစ်ဖြစ် လှနေတယ်ဆိုတာ Blink တွေ အသိဆုံးဖြစ်မှာပါနော်။

Source: Koreaboo
Written: Violet

Share