ကိုဗစ်ကာလမှာ မွေးနေ့ပါတီ အသေးစားလေး ပြုလုပ်ခဲ့တာကြောင့် ဝေဖန်ခံနေရတဲ့ EXO အဖွဲ့ဝင် Kai

EXO အဖွဲ့ဝင် Kai ဟာ ယခု တောင်ကိုရီးယားမှာ ကိုဗစ် ၁၉ တတိယလှိုင်းဖြစ်နေတဲ့ကြားထဲက လူစုပြီး မွေးနေ့ပါတီအသေးစားလေး ပြုလုပ်ခဲ့တဲ့အတွက် အင်တာနက်သုံးစွဲသူတွေရဲ့ ဝေဖန်မှုကို ခံနေရပါတယ်။ Kai ဟာ ဇန်နဝါရီလ ၁၄ ရက်နေ့မှာ ကျရောက်တဲ့ သူ့ရဲ့ မွေးနေ့ကို အကြိုဆင်နွှဲတဲ့အနေနဲ့ ပါတီအသေးစားလေး ပြုလုပ်ပြီး Instagram မှာ live လွှင့်ခဲ့ပါတယ်။

Kai ဟာ သူအပါအဝင် HOTSHOT အဖွဲ့ဝင် Moongyu ၊ VIXX အဖွဲ့ဝင် Ravi တို့နဲ့ အတူ ပါတီကျင်းပခဲ့တာဖြစ်ပြီး အင်တာနက်သုံးစွဲသူတွေကတော့ Kai ဟာ “လူ ၄ ယောက်ထက် ပိုမစုရ” ဆိုတဲ့ စည်းမျဉ်းကို လွဲမှားစွာ ယူဆထားပုံရတယ်လို့ ပြောဆိုနေကြပါတယ်။

လက်ရှိအချိန် တောင်ကိုရီးယားမှာ ရောဂါပြန့်ပွားမှုကို ကာကွယ်ဖို့အတွက် လူ ၄ ယောက်ထက် ပိုမစုကြဖို့ အမိန့်ထုတ်ပြန်ထားတာဖြစ်ပါတယ်။ သို့သော်လည်း ဒါဟာ ၄ ယောက်ထက် မပိုရင် လူစုလို့ရတယ်ဆိုတဲ့ သဘောကို မသက်ရောက်ပါဘူး။

လတ်တလော သတင်းထုတ်ပြန်ချက်တွေမှာလည်း လူအရေအတွက်နည်းပေမဲ့ ရောဂါကူးနိုင်ကြောင်း၊ ထိုစည်းမျဉ်းဟာ ၄ ယောက်ထက် မပိုရင် လူစုလို့ရတယ်လို့ ဆိုလိုတာမဟုတ်ကြောင်း သတိပေးကြေငြာထားတာ ဖြစ်ပါတယ်။

ထိုဖြစ်ရပ်နဲ့ ပတ်သက်ပြီး အင်တာနက်သုံးစွဲသူတစ်ယောက်ကလည်း “ Kai က သူ့ရဲ့ live မှာ ၄ ယောက်ပဲဆိုတော့ ရပါတယ်လို့ ပြောသွားတယ်။ ကျွန်မအထင်တော့ ဒီလိုမျိုး ၄ ယောက်ထက် မပိုရင် လူစုပြီး ပါတီတွေ လုပ်လို့ရတယ်လို့ အထင်မှားနေကြတဲ့လူတွေ အများကြီးရှိမယ်ထင်တယ်။

သာမန်လူတွေရဲ့ Instagram post တွေမှာလည်း “၅ ယောက်မဟုတ်ဘူး ၊ ၄ ယောက်တည်း” စတဲ့ hashtag တွေကို တွေ့နေရတယ်။ ကျွန်မလည်း Kai ကို သဘောကျပေမဲ့ ဒီလိုနည်းလမ်းနဲ့ သူ့ကို ကာကွယ်ပေးတာမျိုးက သူ့အတွက် ပိုကောင်းမလာစေနိုင်ဘူး။ ဒီကိစ္စကို ပေါ့ပေါ့လေး မတွေးပါနဲ့” လို့ ပြောထားပါတယ်။

Kai က live စစချင်း ၄၀ စက္ကန့်လောက်မှာ “ဘာပဲလုပ်လုပ် ၄ ယောက်ပဲဆိုရင် ရပါတယ်”လို့ ပြောခဲ့တာဖြစ်ပါတယ်။ အချို့ကတော့ ဒီလိုမျိုး ၄ ယောက်ထက်မပိုရင် ဘာပဲလုပ်လုပ်ရပါတယ်လို့ လွယ်လွယ်ကူကူ မပြောသင့်ကြောင်း ပြောဆိုနေကြပြီး Kai ဟာ အများအမြင်မှာ အကျင့်စရိုက်ရော သဘောထားပါကောင်းတဲ့ လူတစ်ယောက်ဖြစ်သော်လည်း သူ့ရဲ့ ဒီလုပ်ရပ်ကို ကန့်ကွက်သူ​တွေ ရှိနေပါတယ်။

Source : Koreaboo
Photo : Pinterest
Written : ZL

Share