ကမ္ဘာတစ်ဝှမ်း ပရိသတ်​တွေအတွက် အင်တာဗျူးလုပ်​ပေးခဲ့တဲ့ Mr Queen စုံတွဲ

Mr. Queen က​​တော့ ကိုရီးယားမှာသာမက နိုင်ငံတကာမှာ​ရော ​ပရိသတ်​တွေ အား​ပေးမှု မြင့်တတ်​နေတဲ့ ongoing drama ပဲဖြစ်ပါတယ်။ Mr. Queen ရဲ့ အဓိကသရုပ်​ဆောင်​တွေဖြစ်တဲ့ Shin Hye Sun နဲ့ Kim Jung Hyun တို့က သူတို့ရဲ့ ဖန်​တွေနဲ့ ကြည့်ရှုသူ ပရိသတ်​တွေအတွက် အင်တာဗျူးတစ်ခုလုပ်ခဲ့ကြပါတယ်။

Mr.Queen ဒရမ်မာမှာဆိုရင် အက်ရှင်ခန်း​တွေလည်းပါဝင်​နေတာ​ကြောင့် Kim Jung Hyun အ​နေနဲ့ မြင်စီးနဲ့ အဲ့​ခေတ်ရဲ့ စစ်အတတ်ပညာကိုပါ​လေ့လာ သင်ယူခဲ့​ကြောင်း​ပြောခဲ့ပါတယ်။ ဒါအပြင် သမိုင်းမှာတကယ်ရှိတဲ့ သူတစ်ဦးရဲ့ ပုံရိပ်ကို တခြားမတူတဲ့ အ​ခြေအ​နေနဲ့ ​ဖော်ပြဖို့အတွက် တကယ်ကိုကြိုးစားထား​ကြောင်းနဲ့ ပြည့်စုံတဲ့ သရုပ်​ဆောင်ချက်​တွေဖြစ်​အောင် ကြိုးစားထား​ကြောင်း​ဖြေကြားခဲ့ပါတယ်။

Shin Hye Sun က သူ့အ​နေနဲ့ အပြင်ပိုင်းမှာ ဂျိုဆွန်းရဲ့ မိဖုရားအဖြစ်​နဲ့​ရော သူ့ကိုယ်ထဲမှာဝင်​နေတဲ့ ဒီဖက်​​ခေတ်ရဲ့ အမျိုးသား ဝိဉာဥ်ရဲ့ ကာရိုက်တာဝင်​​အောင်​​ရောကြိုးစားထား​ကြောင်း​ပြောပါတယ်။ “ပရိသတ်​တွေကြည့်ရတာ အဆင်မ​ပြေမဖြစ်​အောင် အားထုတ်ထားပါတယ်။ မိန်းက​လေး ​ယောကျ်ား​လေး နှစ်​ယောက်လုံးရဲ့ ပုံစံ​ကို ​သေချာ အံဝင်​အောင် ကြိုးစားထားပါတယ်။”လို့​ပြောခဲ့ပါတယ်။

သူတို့နှစ်ဦးရဲ့ လက်ရှိကာရိုက်တာ အပြင် ကြိုးစားကြည့်ချင်တဲ့ ကာရိုက်တာမျိုးရှိ​သေးလားလို့​မေးတဲ့ အခါ Jung Hyun က “​ယောကျ်ား တစ်​ယောက် ဝိဉာဥ်ပိတ်မိထားတဲ့ မိန်းက​လေး တစ်​ယောက်ရဲ့ ကာရိုက်တာKim So Young ( မိဖုရား) ကာရိုက်တာက စိတ်ဝင်စားဖို့​ကောင်းလို့ ဒီလိုပုံစံ ကြိုးစားကြည့်ချင်တယ်” လို့​ပြောခဲ့ပါတယ်။

Shin Hye Sun က​တော့ Kim Byung ကာရိုက်တာကို စိတ်ဝင်စား​ကြောင်း​ပြောပါတယ်။ ဒီကာရိုက်တာက အက်ရှင်​တွေ​​ရော၊ နှစ်ရှည်လများ ချစ်လာရတဲ့ ခံစားချက်​​ရော၊ ဖုံးကွယ်ထားရတဲ့ လျှို့ဝှက်ချက်​တွေနဲ့က စိတ်ဝင်စားဖို့ ​​​ကောင်းလို့ပါ” လို့​ဖြေကြားခဲ့ပါတယ်။

သမိုင်းကာလအ​ခြေခံ ဒရမ်မာဆို​တော့ ​ရှေးစကားအသုံးအနှုန်း​တွေနဲ့ ပတ်သတ်ပြီး ​Jung Hyun က Yeonmo ဆိုတဲ့ စကားလုံးကို ပရိသတ်​တွေကိုမိတ်ဆက်​ပေးချင်ပါတယ်။ ဒီစကားလုံးက “အချစ်”နဲ့ အဓိပ္ပါယ်တူပါတယ်။ ဒါ​ပေမယ့် ပိုပြီး ခံစားချက်​လေးနက်ပါတယ်။ လို့​ပြောခဲ့ပါတယ်။အဲ့တာကို Shin Hye က​ ​နောက်ကျရင် “you have to yeonomo “ဆိုပြီး ချစ်​ရေးဆိုရင် ဘလို​နေမလဲ “ဆိုပြီး ​စ​နောက်ခဲ့ပါ​သေးတယ်။

အိမ်ပြာ​တော် စားဖိုမှူးနဲ့ ဂျိုဆွန်း​ခေတ် မိဖုရား ဘဝကို​ရွေးခိုင်းတဲ့အချိန် နှစ်​ယောက်လုံးက စာဖိုမှူးဘဝကို​ရွေးခဲ့ပါတယ်။ ဘာလို့လဲဆို​တော့ သူတို့က ခုလက်ရှိ​​ခေတ် လူသား​တွေဖြစ်လို့ ဒီဖက်​​ခေတ်နဲ့ပဲ အဆင်​ပြေနိုင်လို့ပါလို့ ​ဖြေခဲ့ပါတယ်။ Mr.Queen ဒရမ်မာ ပရိသတ်ကြီးအတွက် ​Jung Hyun က “အခုဆိုရင် ကျွန်​တော့တို့အားလုံးက ​နေ့စဥ် ခက်ခက်ခဲခဲနဲ့ ဖြတ်သန်း​နေရတာပါ။

တစ်​နေ့ကြရင် ဒီ​ရောဂါကြီးကို ​ကျော်လွှားနိုင်ပြီး မှတ်ဉာဏ်သက်သက်ပဲ ကျန်ကြ​တော့မှာပါ။ ဒီဒရမ်မာကိုကြည့်ပြီး ပရိသတ်ကြီးရယ်​မောပြီး အ​မော​ပြေမယ်လို့​မျှော်လင့်ပါတယ်။ ပရိသတ်ကြီးက ​ပျော်တယ်ဆိုရင် ကျွန်​တော်က ပို​ပျော်ပါတယ်လို့ စကားပါးခဲ့ပါတယ်။ Shin Hye က​တော့ ​ဒီဒရမ်​ကြောင့် စိတ်အ​မော​ပြေပြီး ​ပျော်ရွှင်ကြမယ်လို့​မျှော်လင့်ပါတယ်။ ကျန်းမာ​ရေးဂရုစိုက်ကြပါ။ Mr.Queen ထဲမှာ ဆုံကြရ​အောင်လို့ ​ပြောကြားခဲ့ပါတယ်။

Source:soompi
Source:tvN,철인왕후
Written:zunepwint

Share